မဟီတလတက္ကသိုလ်
ထိုင်းနိုင်ငံရှိ တက္ကသိုလ် From Wikipedia, the free encyclopedia
Remove ads
မဟီဒေါလ်တက္ကသိုလ် (အင်္ဂလိပ်: Mahidol University, ထိုင်း: มหาวิทยาลัยมหิดล, ထိုင်းအသံထွက်: မဟာဝီထယာလိုင် မဟီဒွန်, ပါဠိပြန်: မဟာဝိဇ္ဇာအာလယ မဟီတလ) သည် ထိုင်းနိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်သူ့သုတေသနတက္ကသိုလ်တစ်ခု ဖြစ်သည်။ တက္ကသိုလ်ကို ၁၈၈၈ ခုနှစ်တွင် သီရိရတ်ဆေးရုံကြီး၏ အစိတ်အပိုင်းအဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ဆေးသိပ္ပံတက္ကသိုလ်ဟု အမည်တွင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ စတုတ္ထမြောက် ပြည်သူ့တက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံရသည်။ ၁၉၆၉ ခုနှစ်တွင် ဘုရင် ဘူမိဗလအတုလျတေဇမှ ၎င်း၏ဖခင်ဖြစ်သူ ထိုင်းနိုင်ငံ၏ "ခေတ်သစ်ဆေးပညာနှင့် ပြည်သူ့ကျန်းမာရေးဖခင်" ဟု လူသိများသည့် ဆုန်ခလာမင်းသား မဟီဒေါလ်၏ အမည်ကို အစွဲပြု၍ မဟီဒေါလ်တက္ကသိုလ်ဟု အမည်ပြောင်းလဲခဲ့သည်။
မူလက ကျန်းမာရေးသိပ္ပံဘာသာရပ်များကို အဓိကထားခဲ့သော်လည်း နောက်ပိုင်းတွင် အခြားနယ်ပယ်များအထိ တိုးချဲ့ခဲ့သည်။ တက္ကသိုလ်တွင် ထိုင်းနိုင်ငံ၏ ပထမဆုံး ဆေးပညာသင်ကြားရေးဌာနဖြစ်သော သီရိရတ်ဆေးပညာကျောင်းကို ဖွင့်လှစ်ခဲ့သည်။
မဟီဒေါလ်တက္ကသိုလ်သည် သဘာဝသိပ္ပံမှ လူမှုရေးသိပ္ပံဘာသာရပ်များအထိ မတူညီသော မဟာဘွဲ့ (အဓိကအားဖြင့် နိုင်ငံတကာ) နှင့် ဝိဇ္ဇာ/သိပ္ပံဘွဲ့ကြိုသင်တန်းများကို ကန်ချနာဘူရီ၊ နခွန်ဆဝမ်နှင့် အမ်နတ်ချရိုမ် ခရိုင်များရှိ ၎င်း၏နယ်မြေခံကျောင်းဝင်းများတွင် ဖွင့်လှစ်ထားသည်။ စုစုပေါင်း သင်တန်း ၆၂၉ ခု ကို မဟာဌာန ၁၇ ခု၊ ကောလိပ် ၆ ခု၊ သုတေသနအဖွဲ့အစည်း ၉ ခုနှင့် ကျောင်းဝင်း ၆ ခုတို့တွင် သင်ကြားပေးလျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃၀ သန်းဖြင့် မည်သည့်ပြည်သူ့တက္ကသိုလ်ထက်မဆို ဘတ်ဂျက်အများဆုံးရှိပြီး ယင်း၏အများစုမှာ မဟာဘွဲ့သုတေသနအစီအစဉ်များအတွက် ဖြစ်သည်။ မဟီဒေါလ်တက္ကသိုလ်၏ ဆေးပညာအတွက် ၂၀၁၆ ပညာသင်နှစ်၏ ဝင်ခွင့်အောင်မြင်မှုနှုန်းမှာ ၀.၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် QS Asian University Rankings မှ ထိုင်းနိုင်ငံ၏ နံပါတ်တစ်တက္ကသိုလ်အဖြစ် သတ်မှတ်ခြင်းခံရသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads