မအင်္ဂါ အစေ့

အမ လိင်အင်္ဂါ From Wikipedia, the free encyclopedia

မအင်္ဂါ အစေ့
Remove ads

မအင်္ဂါ အစေ့သည် နို့တိုက်သတ္တဝါ အမများတွင်သာရှိသော လိင်အင်္ဂါ တစ်ခုဖြစ်သည်။ လူတွင် မိန်းမ မျိုးပွားအင်္ဂါ၏ အတွင်း နှုတ်ခမ်း ဆုံရာရှိ အတွင်းပိုင်းတွင် မြင်သာသော ပဲစေ့ပုံ အဖြစ်ရှိသည်။ အစေ့သည် ယောက်ျားတို့တွင် အပြန်အလှန်အားဖြစ်ရှိသော လိင်တံ တို့ကဲ့ ကျင်ငယ်စွန့်ရန် တာဝန်မယူဘဲ လိင် သာယာမူ အတွက်သာ ဖြစ်သည်။ ၎င်းမှ ကွဲလွဲသည်မှာ နို့တိုက် သတ္တဝါ၌ Spotted Hyena မြေခွေးတို့တွင်သာ ရှိသည်။ ထိုသတ္တဝါတွင် မအင်္ဂါ အစေ့ သည် ကြီးထွားပြီး ကျင်ငယ်စွန့်ရန် နှင့် လိင်ဆက်ဆံရန်တွင် သာမက ၎င်းမှ ကလေးပါ မွေးဖွားသည်။

အချက်တိုများ မိန်းမအင်္ဂါ အစေ့, အသေးစိတ် ...
Remove ads

ပုံသဏ္ဌာန်

မအင်္ဂါ အစေ့၏ ခေါင်းပိုင်း ခေါ် ဂလင်းသည် ပဲစေ့ အရွယ် ရှိပြီး ပုံသဏ္ဌာန် လဲဆင်သည်။ သို့သော် အရွယ်ပမာဏမှာ ကွဲပြားနိုင်သည်။ ၎င်း မအင်္ဂါ အစေ့၏ ခေါင်းပိုင်းသည် အာရုံကြော ၈၀၀၀ ရှိသောကြောင့် အလွန် ခံစားနိုင်မှု ပြင်းထန်သည်။ အဖိုတို့ လိင်တံကဲ့သို့ပင် နမ်အကြောများ စုဆုံရာ ဖြစ်သောကြောင့် လိင်စိတ်ဆွရန် အလွန်သင့်တော်သည်။

မအင်္ဂါ အစေ့သည် ရှုပ်ထွေးသော တည်ဆောက်ပုံဖြစ်ပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်း ဟူ၍ရှိသည်။ အပြင်နှုတ်ခမ်း နှင့် ဆီးခုံမို့မို့ ဆုံရာရှိ မအင်္ဂါဇာတ်ဆုံရာ ရှေ့ဖတ် အပေါ်တွင် ထိုးထွက်နေသော အခုံးကို မအင်္ဂါ အစေ့ အမိုး (clitoral hood) ဟုခေါ်ပြီး အစေ့၏ ဂလင်း ကို အပြည့် သို့မဟုတ် တစိတ်တပိုင်း ကာထားသည်။ ၎င်းအစေ့ခေါင်းမှ နောက်ဖက်သို့ ဆက်၍ လမ်းကြောင်းအတိုင်း လက်တစ်ဆစ်လောက် ဆက်တက်သွားပြီး ပြန်ကွေးလာကာ V ပုံသဏ္ဌာန် နှစ်ကိုင်းကွဲသွားပြီး သစ်ပင် အမြစ်များကဲ့သို့ ပြန့်သွားကာ corpora cavernosa ဖြစ်ပေါ်လာပြီး ၎င်းသည် အတွင်း နှုတ်ခမ်း နောက်ကွယ်တွင်တည်ရှိသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads