မာရ်နတ်
From Wikipedia, the free encyclopedia
Remove ads
ဒေဝပုတ္တမာရ်[၁]၊ မာရ်နတ်သား။ (ယင်းသည် ကုသိုလ် တရားနှင့် ကုသိုလ်ကောင်းမှုရှင်တို့ကို တားမြစ်တတ်၏၊ သတ္တဝါတို့ကို အကျိုးမဲ့၌ ယှဉ်စေ၍လည်း သတ်တတ်၏။ မိမိ အလို နိုင်ငံကို လွန်မြောက်ရန် အားထုတ်သော သတ္တဝါတို့ကို သေစေတတ်၏၊ လုံ့လစွမ်းအားနည်းသူ များနှင့် ဘဝသစ်၌ဖြစ်ကုန်သော သတ္တဝါတို့ကိုလည်း အဖန်တလဲလဲ သေစေတတ်၏။ ဂုဏ်ကျေးဇူးနှင့် မိမိအကျိုးစီးပွား သူတစ်ပါး အကျိုးစီးပွားတို့ကိုလည်း ချေဖျက်တတ်၏။) [၂],
မာရ်နတ်
မာရ်သည် ခန္ဓမာရ် အဘိသင်္ခါရမာရ် မစ္စုမာရ် ဒေဝပုတ္တမာရ် ကိလေသမာရ်ဟု ၅-မျိုးရှိ၏။ ခန္ဓာ ၅-ပါးကို ခန္ဓမာရ် ဘဝသစ်ကို ထူထောင်နိုင်သည့် ကုသိုလ် အကုသိုလ်ကံများကို အဘိသင်္ခါရမာရ် သေခြင်းကို မစ္စုမာရ်, မာရ်နတ်သားကို ဒေဝပုတ္တမာရ် ကိလေသတရားများကို ကိလေသမာရ်ဟု ခေါ်၏။ [၃] ထိုမာရ် ၅-မျိုးအနက် ဒေဝပုတ္တမာရ်ဟု ခေါ်သော [၄]မာရ်နတ်သားသည် ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကများကို တစ်သက်ပတ်လုံး အနှောင့်အယှက်ပေးခဲ့သူဖြစ်၍ သာသနလောက ဗုဒ္ဓစာပေများ၌ ထင်ရှားသည်။ မာရ်နတ်သားသည် အာနုဘော်ကြီးမား၏၊ ကာမာဝစရနတ်ပြည် ၆-ထပ်ကို အစိုးရ၏[၅]ဟု အချို့က အထင်ကြီးပြောဆိုကြသော်လည်း မာရ်နတ်သည် ဝသဝတ္တီနတ်ပြည်တစ်ထပ်ကိုပင် အုပ်ချုပ်ရသော နတ်ဘုရင်ကြီး မဟုတ်၊ ဝသဝတ္တီနတ်ပြည်၌ သူပုန်ဗိုလ် နတ်ဆိုးကြီး တစ်ယောက်အဖြစ်သာ နေရသူဖြစ်သည်။ [၆] တစ်ချိန်၌ မာရ်နတ်သည် ဘုရားအယောင် ဖန်ဆင်း၍ သူရမ္ဗဋ္ဌကို လှည့်စားခဲ့ဖူးသည်။ [၇] အင်္ဂုတ္တိုရ်အဋ္ဌကထာ [၈]၌ စကားအသွားအလာ အနည်းငယ် ကွဲပြားစွာ ဆိုထား၏။ [၉]
မာရ်နတ်နေသော နေရာ
မာရ်နတ်သည် ဝသဝတ္တီ နတ်မင်းကြီး အုပ်ချုပ်သော ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည် (ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသောဘုံ )ရှိ နတ်ဆိုးတစ်ပါး ဖြစ်သည်။ သူ့တွင် အရင်က ဗေဠုဝအမည်ရှိ နတ်စောင်း ရှိသည်။ နောင်တွင် ပဉ္စသီခနတ်သား လက်ထဲ ရောက်ရှိသွားသည်။
မာရ်နတ်မျိုးရိုး
မာရ်နတ်မျိုးရိုးသည် မြတ်စွာဘုရား၏ လက်ဝဲတော်ရံ တန်ခိုးတော်အရာ ဧတဒင်္ဂ ရသည့် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီးနှင့် ဆွေမျိုးတော်စပ်သည်။ ဤကမ္ဘာတွင် ကကုသန်အမည်ရှိ ဘုရားတစ်ဆူ ပွင့်ခဲ့ဘူးသည်။ ထို ကကုသန်ဘုရား လက်ထက်၌ ဘုရားကို အနှောက်အယှက်ပေးသူ `ဒုဿီမာရ် နတ်´ရှိခဲ့သည်။ `ဒုဿီမာရ် နတ်´တွင် `ကာလီ´အမည်ရှိ နှမတစ်ယောက်ရှိသည်။ ထို ကာလီ က မာရ်နတ်ကို မွေးခဲ့သည်ဟု ဆိုသည်။ `ဒုဿီမာရ် နတ်´သည် အခြားသူမဟုတ် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး ပင်ဖြစ်သည်။ ထို့ကြောင့် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး၏ တူအရီး တော်စပ် ဘူးသည်။
သတ္တဝါ အမျိုးအစား
မာရ်နတ်သည် “နတ်”ဟူသော သတ္တဝါ အမျိုးအစားမှ ဖြစ်သည်။ လူကဲ့သို့ အမိဝမ်းတွင်း ပဋိသန္ဓေ မနေခဲ့ရ၊ ၁၆-နှစ်သားအရွယ် တခါတည်း ဘွားကနဲ ဖြစ်လာရ၏။ ဥပပတ် ပဋိသန္ဓေ ဆိုတာမျိုးဖြစ်သည်။ မိခင် ကာလီနတ်သမီးက သားသန္ဓေ လွယ်ရသော ဒုက္ခ မရှိပေ။ [၁၀]
မာရ်နတ်နိုင်ငံ
“ပရနိမ္မိတဝသဝတ္တီ နတ်ပြည်”နိုင်ငံ၊ အဓိပ္ပာယ် အပြည့်အစုံမှာ သူတစ်ပါးက ဖန်တီးစီစဉ်ပေးသော အဝတ်အစား၊ အသုံးအဆောင်၊ နေရာဗိမ္မာန် ရတနာ မှန်သမျှတွေကို မိမိအလိုကျ သုံးနိုင်၊ စားနိုင်၊ နေနိုင်၊ ဆင်မြန်းနိုင်သော နေရာကြီး ဖြစ်ပေသည်။ မိမိကုသိုလ်ကြောင့် လိုသမျှကို သူများက အဆင်သင့် စီစဉ်ပေးရသည်။ ၀သဝတ္တိ နတ်ပြည်”နိုင်ငံကို ၀သဝတ္တိ နတ်မင်းကြီးက အုပ်ချုပ်သည်။
မာရ်နတ်အရည်အချင်း
မာရ်နတ်၏စွမ်းရည်
မာရ်နတ်အင်အား
မာရ်နတ်ဝါဒ
မာရ်နတ်၏ တိုက်ပွဲအဆင့်
နောက်ဆုံးရှုံး
သို့သော် အချို့သော အနောက်တိုင်းမှ ဘာသာရေးနှင့် ဒဿနပညာရှင်များက `မာရ်´သည် အကောင်အထည် သဘောမျိုးမဟုတ်ပဲ စွဲလမ်းစိတ်ကို အခြေပြုကာ စွန့်လွှတ်လိုသည့်စိတ်အား အနှောက်အယှက်ပေးသည့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်သဘောဟုလည်း ဖွင့်ဆိုကြပေသည်။ သို့သော် မည်သို့ဆိုစေကာမူ မာရ်(သို့) မာရ်နတ် သည်မကောင်းမှုကို အားပေးသည့်သဘော၊ ကောင်းမှုကုသိုလ်ကို ဖျက်ဆီးလိုသည့် သဘောရှိပေသည်။



မူလပဏ္ဏာသ အဋ္ဌကထာ၌ မာရ်နတ်ဟူသည် ပရနိမ္မိတဝသဝတ္တိဘုံ၌ လူ့ပြည်တွင် နိုင်ငံအစွန်အဖျားကို ဓားမြတိုက်နေည့်မင်းသားကဲ့သို့ ဆိုးသွမ်း နေသော နတ်သားဖြစ်သည် ဟု ဆိုထားသည်။ ဂေါတမမြတ်စွာဘုရားလောင်း တောထွက်တော်မူသည်မှစ၍ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုသည်အထိ ကိုယ်တော်မြတ်အား မာရ်န်တ်သည် မိမိတန်ခိုးဖြင့် အမျိုမျိုသော အနှောင့်အရှက် အဖျက်အဆီးများကို စွမ်းအားရှိသမျှ ပြုသော်လည်း အောင်မြင်မှု မရှိခဲ့ပေ။ ဘုရားလောင်း တောထွက်တော်မူစဉ်က ဘုရားဖြစ်မည့် အရေးကို တွေးမိတိုင်း ရန်သူပမာ စိတ်ထာသော မာရ်နတ်သည်ဘုရားလာင်း တောမထွက်ဖြစ်အောင် တားမြစ်ခဲ့၏။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။ တစ်ဖန် ဘုရားလောင်းသည် ဗောဓိပင်၏ အောက်အပြင် ရွှေပလ္လင်ထက်၌ မလျော့သော လုံ့လဝီရိယဖြင့် ဘုရားအဖြစ် ကို အရယူရန် ကြိုးစားတော်မူစဉ်က မာရ်နတ်သည် ယူဇနာ တစ်ရာ့ငါးဆယ်ရှိသော ဂိရိမေခလာ ဆင်ပြောင်ကို စီးကာ နတ်စစ်သည် ပေါင်း မြောက်မြားစွာ ခြံရံလျက် လက်နက်အမျိုးစုံတို့ဖြင့် ဘုရားလောင်းကို တိုက်ခိုက်လာ၏။ ဘုရားဖြစ်မည့် ဆဲဆဲ ဖြစ်သော အလောင်းတော်အား ခစားဆည်းကပ်လျက်ရှိကြသော နတ်သိကြား အပေါင်းတို့သည် မာရ်နတ်၏ ရန်ကိုခံရန် မစွမ်းနိုင်တော့ဘဲ မိမိတို့ မျက်နှာမူရာ အရပ်သို့သာ ရှေးရှူ ပြေးကြကုန်၏။
သဟမ္ပတိဗြဟ္မာကြီးသည် ဗြဟ္မာ့ပြည်သို့ ပြေးလေ၏။ ဘုရားလောင်းကား
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဆည်းပူးခဲ့သော ဆယ်ချက်သော
ပါရမီတော်ကို လက်နက်ပြုကာ မြင့်မြတ်သော နှလုံးရည်ဖြင့် တည်ငြိမ်စွာ
နေလေသည်။ နောက်ဆုံး၌ မာရ်နတ်သည် စစ်ရှုံးကာထွက်ပြေးရလေသည်။
တစ်ဖန် မာရ်နတ်သည် မိမိ၏ သမီးတော်သုံးပါးဖြင့် မြတ်စွာဘုရားအား
ဖျက်ဆီးပြန်သော်လည်း မအောင်မြင်ဘဲ အရှုံးပေးရပြန်သည်။ တစ်ဖန်
ဗုဒ္ဓမြတ်စွာသည် တရားတော် ဒေသနာများကို ၄၅ ဝါ ပတ်လုံး ကောင်းစွာ
ဟောကြားတော်မူပြီးသည့်နောက်တွင်မာရ်နတ်သည် မကောင်းသော
နှလုံးသွင်းဖြင့် မြတ်စွာဘုရားအား ပရိနိဗ္ဗာန်ဝင်စံဖို့ သင့်ပြီဖြစ်ကြောင်း
သုံးကြိမ်တိုင်တိုင် လျှောက်ထားသောကြောင့် ပရိနိဗ္ဗာန် ဝင်စံပေတော့အံ့ဟု
ဝန်ခံတော်မူလိုက်လေသည်။ ဤသို့လျှင် မာရ်နတ်သည်
မြတ်စွာဘုရားနှင့် ဘုရား သာသနာတော်တွင် ရန်သူသဖွယ် ဖြစ်ခဲ့လေသည်။[၁၂]
၁. မာရ်၏ အဓိပ္ပာယ်နှင့် အမျိုးအစားများ
- မာရ် ၅-ပါး= မာရ် ၅-ပါးမှာ (၁) ကိလေသမာရ် (ကိလေသာ ၁၅၀၀)၊ (၂) အဘိသင်္ခါရမာရ် (ကုသိုလ်/အကုသိုလ်ကံ)၊ (၃) ဒေဝပုတ္တမာရ် (မာရ်နတ်)၊ (၄) ခန္ဓမာရ် (ခန္ဓာငါးပါး)၊ (၅) မစ္စုမာရ် (သေခြင်း) တို့ဖြစ်သည်။[၁၃]
- မာရဓိသုတ္တဧကာဒသက= ခန္ဓာငါးပါးကို မာရဟု ဟောထား၍ ဆန္ဒရာဂကို ပယ်ရန် ညွှန်ကြားသည်။[၁၄]
- မာရိသ သုံးနှုန်းပုံ= "မာရိသာတိ ပိယဝစနံ ဂရုဝစနံ သဂါရဝ သပ္ပတိဿာ ဓိဝစန မေတံ" ဟု မာရ်ကို ချစ်ဖွယ်၊ ရိုသေဖွယ် စကားအဖြစ် သုံးသည်။[၁၅]
- မာရ်၏ အမည်များ= မာရ်နတ်ကြီးကို နမုစိ၊ ကဏှ၊ အဓိပတိ၊ အန္တဂူ၊ ပမတ္တဗန္ဓု၊ ပါပိမ၊ အန္တက စသည့် အမည်များဖြင့် ခေါ်သည်။[၁၆]
၂. မာရ်နတ်ကြီး၏ နှောက်ယှက်မှုများ
၂.၁ ဘုရားရှင်အပေါ် နှောက်ယှက်မှု
မာရသံယုတ္တ၊ [၁၇] ဘုရားရှင်အား အမျိုးမျိုး ခြောက်လှန့်ပုံ နှောက်ယှက်ပုံများ။ ။ မြွေယောင် ဖန်ဆင်း၍ ခြောက်လှန့်ပုံ၊ သပ္ပသုတ်၊ [၁၈] ။ နွားယောင်ဖန်ဆင်း၍ သပိတ်ကိုခွဲအံ့ဟုလာပုံ၊ ပတ္တသုတ်၊ [၁၉] လယ်သမားယောင်ဖန်ဆင်း၍ တရားပွဲ လာနှောက်ယှက်ပုံ (နတ္ထိစက္ခု၊ နတ္ထိရူပါ-စသည်ဖြင့်) ကဿကသုတ်၊ [၂၀] ။ သုဘသုတ်၊ [၂၁] သုဘ-အသုဘ အာရုံများကို ဖန်ဆင်းပြ၍ ခြောက်လှန့်ပုံ၊ ပါသာဏသုတ်၊ [၂၂] ဘုရားရှင်အား မင်းပြုရန်တောင်းပန်ပုံ၊ ချမ်းသာကြောင်း အကျင့်ဂါထာ။ ။ [၂၃] ပါရ-အပါရ ခွဲ၍ ဘုရားရှင် ဖြေကြားတော်မူပုံ။ ။ မဟာသမယသုတ်စဉ်နှောက်ယှက်ပုံ။ ။ [၂၄] ။ ဝေရဉ္ဇာပြည်တွင် ဝါဆိုတော်မူသောအခါ ဘုရားရှင်အား ဆွမ်းမရအောင် နှောက်ယှက်ထားပုံ။ ။ [၂၅] ပီတိအစာဖြင့် နေနိုင်ကြောင်း ဟောထား၏။ ။ မာရတဇ္ဇနီယသုတ်၊ [၂၆] မာရ် နတ်ကြီးက အသျှင်မဟာမောဂ္ဂလ္လာန်မထေရ်၏ ဝမ်းတွင်းဝင်၍ နှောက်ယှက်ပုံ၊ ဒူသီမာရ်နတ်အကြောင်းကို ပြန်ပြောပြပုံ၊ ကကုသန္ဓဘုရားရှင် လက်ထက်တော်တွင် လူတို့အထင်အမြင် လွဲအောင် ဘိက္ခု, ဘိက္ခုနီတိုအပေါ် အမျိုးမျိုး နှောက်ယှက်ခဲ့ဘူးပုံ ပြန်ဟောထား၏။ ။ ဒူသီမာရ်နတ်ကြီး အဝီစိငရဲ၌ခံရပုံ ဟောပြခန်း၊ [၂၇] ။ မာရယာစနကထာ၊ [၂၈] ဘုရားရှင်အား အဋ္ဌမသတ္တာဟကပင် ပရိနိဗ္ဗာန်စံရန် တောင်းပန်ခဲ့ပုံ။ ။ [၂၉] မာရ်နတ်ကြီးက ဗကဗြဟ္မာ၏ စကားကို လိုက်နာရန် ဘုရားရှင်အား တိုက်တွန်းပုံ၊ [၃၀] ။ သူ့နယ်မှ ဗြဟ္မာတသောင်း လွတ်ထွက်သွားသည့်အတွက် ဘုရားရှင်ကို ဒေါပွနေပုံ၊ တရားမဟောရန်လည်း တောင်းပန်ပုံ၊ [၃၁] ။ မာရ်နတ်ကြီးက ဘုရားရှင်အား ပရိနိဗ္ဗာန်စံရန် လျှောက်ထားပုံကို ဟောသော စေတိယသုတ်၊ [၃၂] ဘုရားရှင် အာနန္ဒာမထေရ်အား ဣဒ္ဓိပါဒ်လေးပါးကိုပွားများ ဖန်များလျှင် အာယုကပ် ပတ်လုံး တည်နိုင်၏ဟု အရိပ်အမြွက်မျှ အမိန့်ရှိသော်လည်း နတ်ကြီး နှောက်ယှက်မှုကြောင့် ဘုရားရင်၏ အလိုတော်ကို မသိနိုင်ခဲ့ကြောင်း။ ။ ܀[၃၃]܀ မာရ်နတ်ကြီး ဘုရားရှင်အပေါ်၌ အပြစ်ရှာနေသော်လည်း မတွေ့ကြောင်း၊ (ပဉ္စနိကာယ-ဘုရား အခန်း၌ ရေးခဲ့ပြီ)။ ။ [၃၄]܀ မာရ်နတ်ကြီး အလောင်းတော်ထံ စစ်ချီလာပုံ [၃၅] မြေကြီးက သက်သေခံ၍ မာရ်စစ်သည်ကို ထွက်ပြေးကြရကြောင်း၊ [၃၆] မာရ်နတ်ကြီးစစ်ရှုံးသဖြင့် စိတ်ပျက်ပျက်နှင့် မြေကြီးပေါ်တွင် ဒုတ်ချောင်းဖြင့် အကြောင်း (၁၆)ကြောင်း ရေးဆွဲနေကြောင်း ဖွင့်ပြထားပုံ၊ အကျယ်၊ [၃၇] ဤ၌ သာမည ပြထား၏။ ။ မာရ်နတ်ကြီး၏ သမီးသုံးယောက်တို့က ဘုရားရှင်ကို အမျိုးမျိုး ဖြားယောင်းကြပုံ၊ မာရဓီတုသုတ်၊ [၃၈] မာရမီတုဝတ္ထု၊ [၃၉]
၂.၂ ရဟန်းတော်များအပေါ် နှောက်ယှက်မှု
မာရဝတ္ထု။ [၄၀] အသျှင်ရာဟုလာအား ဆင်ယောင်ဖန်ဆင်း၍ ခြောက်လှန့်ပုံ။ ။ [၄၁] ရဟန်းယောင်ဖန်ဆင်း၍ မိန်းကလေးတယောက်၏ လက်ကိုဆွဲကိုင်ရာ ၎င်းမာရ်နတ်၏ လည်ပင်းတွင် ခွေးသေကောင်ပုတ် စွပ်ပေးလိုက်ခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းပေးလိုက်သော သာဋိမတ္တိယထေရ်။ ။ သမ္ဗဟုလသုတ်၊ [၄၂] ရဟန်းတော်များအား ကာမဂုဏ်ခံစားကြရန် ပုဏ္ဏားအိုယောင် ဖန်ဆင်းပြီး လာ၍ တိုက်တွန်းကြည့်ပုံ၊ သို့သော် မရပါလေ။ ။ [၄၃]
၂.၃ ဘိက္ခုနီများအပေါ် နှောက်ယှက်မှု
ဝိဇယာ ဘိက္ခုနီထံ လူပျိုလှည့်ပုံ၊ [၄၄] ဥပ္ပလဝဏ်ထေရီထံ လာ၍ ခြောက်လှန့်ခဏ်း၊ [၄၅] ။ ဘိက္ခုနီသံယုတ္တ အကုန် ဤနည်းနှင်နှင်သာတည်း၊ [၄၆] ။ သေလာထေရီထံ ကာမဂုဏ်ခံစားရန်လာ၍ တိုက်တွန်းပုံ၊ [၄၇] သောမာထေရီထံ လာ၍ ကဲ့ရဲ့ပုံ။ [၄၈] ခေမာထေရီထံ ကာမဂုဏ်ခံစားရန် တိုက်တွန်းပြန်ပုံ၊ [၄၉]၊ စာလာထေရီထံ၊ [၅၀] ။ ဥပစာလာထေရီထံ၊ [၅၁] ။ သီသူပစာလာထေရီ၊ [၅၂]܀
၂.၄ အသျှင်အာနန္ဒာအပေါ် နှောက်ယှက်မှု
[၅၃] စေတိယသုတ်၊ ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးတွင် အရိပ် အမြွက်မိန့်တော်မူသောစကားကို မရိပ်မိ မသိစရန် မာရ်နတ်ကြီးက မေ့လျော့အောင် နှောက်ယှက်ထားပုံ၊ [၅၄] ဘူမိစာလသုတ်။ ။ နိမိတ္တောဘာသကထာ၊ [၅၅] ။ အာယုသင်္ခါရောဿဇ္ဇနသုတ်၊ [၅၆]܀
၃. မာရ်၏ စစ်တပ်နှင့် အကြောင်းများ
- မာရ်စစ်သည် ၁၀-တပ်=
- ဝတ္ထုကာမ, ကိလေသကာမ၊
- အစွန်အဖျားကျောင်း စသည် တို့၌လည်းကောင်း, မြတ်သော ကုသိုလ်တရားတို့၌ လည်းကောင်း မမွေ့လျော်ခြင်း၊
- ဆာလောင်မွတ်သိပ်ခြင်း၊
- တဏှာ၊
- ထိနမိဒ္ဓ၊
- ထိတ်လန့်,ကြောက်ခြင်း၊
- အကျင့် မြတ်၌ ယုံမှားခြင်း ဝိစိကိစ္ဆာ၊
- တရားထူး အနည်းငယ်ရရှိ၍ မာန်တက်ခြင်း, ကျေးဇူး ဖျက်ခြင်း, ကိုယ်စိတ် ခက်ထန်မာကြောလာခြင်း၊
- လာဘ်သက္ကာရ အကျော်အစော၊
- မိမိကိုယ်ကို ချီးမြှောက်ပင့်ခြင်း, သူတစ်ပါးကို ရှုတ်ချ, နှိမ်ခြင်း။ [၅၇]
- မာရ်နှင့် စစ်တိုက်ရပုံ= ရဟန်းပြုရန်၊ တရားအားထုတ်ရန်၊ အရဟတ္တဖိုလ်ရခါတို့တွင် မာရ်နှင့် စစ်တိုက်ရပြီး၊ အောင်နိုင်ပါက နတ်များက ဂုဏ်ပြုသည်။[၅၈]
၄. မာရ်မှ လွတ်မြောက်ခြင်းနှင့် မလွတ်မြောက်ခြင်း
- မာရ်နတ်မင်း၏ နိုင်ငံကို ကျော်လွန်ကြောင်း = အသေခ ဖြစ်သော သီလက္ခန္ဓ, သမာဓိက္ခန္ဓ, ပညာက္ခန္ဓနှင့် ပြည့်စုံခြင်း။ [၅၉]
- မာရ်ကျော့ကွင်းမှ လွတ်ခြင်း= ဘုရားရှင်က မာရ်မှ လုံးဝကင်းလွတ်ကြောင်း ဂါထာဖြင့် မိန့်သည်။[၆၀]
- လွတ်သူ/မလွတ်သူ ခွဲခြားပုံ= နိဝါပသုတ်တွင် မာရ်မှ လွတ်သူ၊ မလွတ်သူကို ဟောသည်။[၆၁]
- မာရ်နှိပ်စက်မှု မခံရသူ= ဂါထာ၊ [၆၂] ။ မာရဓေယျသုတ်၊ [၆၃] ရဟန္တာဖြစ်မှသာ မာရ်မင်းဝိုင်နက်မှ လွတ်ကြောင်း ဟောထား၏။ ။ [၆၄] သီလ-သမာဓိ-ပညာ သုံးပါးကို ကောင်းစွာ ပွါးများလျှင် မာရ်မင်းပိုင်နက်မှ လွတ်ကြောင်းဟောထားသော ဂါထာ။ ။ [၆၅] မာရ်မင်း၏ တပည့်မဟုတ်တော့သော ပုဂ္ဂိုလ်များကို ပြဆိုခဏ်း၊ [၆၆] ဂါထာများ။ မာရသုတ်၊ [၆၇] ဗောဇ္ဈင် ၇-ပါးကို ပွါးလျှင် မာရ်စစ်သည်ကို နှိမ်နင်းနိုင်ကြောင်း ဟောထား၏။ [၆၈]
- မာရ်နှောက်ယှက်နိုင်သူ= မာရ်နတ်ကြီးက သတိမေ့လျော့အောင်, ရူးသွပ်အောင်စသည်ဖြင့် နှောက်ယှက်ခံရသူမှာ ဝိပ္ပလ္လာသ ၁၂-ပါးကို ကုန်စင်အောင် မပယ်နိုင်သေးသူတို့သာ ခံကြရ၏ ဟုမိန့်ဆိုထားပုံ၊ [၆၉] ။ အရူပသမာပတ်ကို ဝင်စားနေသော ပုဂ္ဂိုလ်၏ စိတ်ကို မာရ်နတ်ကြီးမသိနိုင်ကြောင်း မိန့်ဆိုထားပုံ၊ [၇၀] ။ မာရ်နတ်ကြီးမှာ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာတို့၏ ကိုယ်တွင်ဝင်၍ မပူးကပ်ကြောင်း မိန့်ဆိုထားပုံ၊ [၇၁] ဝိပဿနာအခြေခံ၍ သမာပတ်(၈)ပါးကို ဝင်စားနေသော ရဟန်း၏ စိတ်ကိုပင် မမြင်နိုင်ဟု မိန့်ဆိုထားပုံ၊ [၇၂]
၅. မာရ်နတ်ကြီး၏ သဘာဝနှင့် အခြားအကြောင်းများ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads