မိခင်ကျောင်း

တက်ခဲ့ပြီးသောကျောင်းသို့မဟုတ်တက္ကသိုလ် From Wikipedia, the free encyclopedia

Remove ads

မြန်မာဘာသာဖြင့် "မိခင်ကျောင်း"၊ သို့မဟုတ် "ပညာရင်နို့ သောက်စို့ရာ" ဟု ဘာသာပြန်လေ့ရှိသည့် စကားစု၏ မူရင်းမှာ "Alma mater" ဟူသည့် လက်တင်ဘာသာ စကားစုဖြစ်သည်။ လက်တင်ဘာသာဖြင့် alma ဆိုသည်မှာ အာဟာရ ပြည့်ဖြိုးစေသော၊ သို့မဟုတ် ကြင်နာသော ဟု အဓိပ္ပာယ်ရပြီး၊ mater ဆိုသည်မှာ မိခင် ဟု အဓိပ္ပာယ်ရသည်။ အသုံးနည်းသည့် ဗဟုဝုစ်ကိန်းမှာ almae matres ဖြစ်သည်။

ဤစကားစုကို ရှေးရောမ (ancient Rome) ခေတ်တွင်း မယ်တော်နတ်ဘုရား (mother goddess) များ၊ အထူးသဖြင့် စီးရီးစ် (Ceres) သို့ စစ်ဘလီ (Cybele)၊[] ကို ရည်ညွှန်းရာတွင် အသုံးပြုပြီး၊ နောင် ခရစ်ယာန်ဘာသာ ထွန်းကားလာပြီးနောက်တွင် မယ်တော်မေရီ (Virgin Mary) ကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ မျက်မှောက်ခေတ် ဘာသာစကားများတွင်မူ ဤစကားစုကို ပညာရေး အသိုင်းအဝန်းတွင် အဓိက အသုံးပြုကြပြီး၊ မိမိ တက်ရောက်ခဲ့ရာ၊ ဘွဲ့ရခဲ့ရာ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်ကို ရည်ညွှန်းသည်။[]

Remove ads

အညွှန်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads