မိုးပွလူမျိုး

From Wikipedia, the free encyclopedia

Remove ads

မိုးပွလူမျိုးများမှာ ပိုးကရင် အုပ်စုဝင် လူမျိုးတစ်မျိုး ဖြစ်သည်။ မိုးပွလူမျိုးတို့မှာ တောင်ငူခရိုင်၊ မော်ချီးကားလမ်း မိုင်တိုင်(၂၀)အနီး သံတောင်မြို့နယ်၊ မဲဖြူတိုက်၊ ဥသျှစ်ကုန်းနှင့် စည်ပင်ကြီးကျေးရွာတွင် နေထိုင်ကြသည်။ စကားသံနှင့် အခေါ်အဝေါ်များမှ အပ လူမှုရေးဆိုင်ရာ ရိုးရာဓလေ့များမှာ မွန်ကရင်၊ ပိုးကရင်များနှင့် များစွာကွာခြားနေကြောင်း တွေ့ရပေသည်။

မိုးပွတို့၏ စကားမှာ ပိုးကရင်များနှင့် များစွာတူညီသည်။ ယင်းလူမျိုးတို့၏ ပုံပြင်ဒဏ္ဍာရီများနှင့် ပါးစပ်ရာဇဝင်များတွင် မိုးပွများသည် တစ်ချိန်က ဒုံရင်းနှင့် သထုံခရိုင်များတွင် နေထိုင်ခဲ့ကြပြီး လူနေကျပ်တည်းသဖြင့် မူလလာလမ်းအတိုင်း တောင်ငူဘက်သို့ ဆုတ်ခွာခဲ့ရကြောင်း ပါရှိလေသည်။ ဘွဲမျိုးကွဲတို့၏ ပါးစပ်ရာဇဝင်အရ မိုးပွတို့မှာ ဖမ်းဆီးရမိသော ဘောဂလိဘက်မှ ပကူးကရင် သုံ့ပန်းများဖြစ်ပြီး ယင်းတို့ကို သံတောင်၊ တောင်ခြေအရပ်တွင် အစောင့်အရှောက်အဖြစ် ရွာတည်ပေးကာ နေထိုင်စေခဲ့ကြောင်းဖြင့် အဆိုရှိသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads