မိုးအောင်

မြန်မာ့ရေတပ်ဦးစီးချုပ်(ငြိမ်း)နှင့်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် From Wikipedia, the free encyclopedia

မိုးအောင်
Remove ads

ဗိုလ်ချုပ်ကြီး(ငြိမ်း) မိုးအောင်သည် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည် ။[]သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) တို့၏ ပြည်ထောင်စုဝန်ကြီးများ[] နှင့် တပ်မတော်(ရေ)၏ ကာကွယ်ရေးဦးစီးချုပ် တို့ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

အချက်တိုများ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင်, နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ...
Remove ads

စစ်မှုထမ်းဘဝ

သူသည် ဦးအောင်သောင်း၏ သားလည်းဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၂၈)မှဖြစ်ကာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (ယခင် - ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း)၊ စစ်ရေယာဉ်များ၊ ရေတပ်စခန်းများ၊ ဗျူဟာစစ်ရေယာဉ်စုများ၊ ရေတပ်စခန်းဌာနချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ရာထူး၌ တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီး တင်အောင်စန်း မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်တွင် ၎င်း စစ်ဦးစီးချုပ်အရာရှိချုပ်(ရေ) ရာထူးသို့ ခန့်အပ်ခံခဲ့ရသည်။[]၂၀၂၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ကောင်စီဝင်သာမက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဖြစ်လာပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်အား ရေတပ်ဦးစီးချုပ်အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်း မြန်မာပိုင် ကိုကိုးကျွန်းနှင့်မဝေးသော အိန္ဒိယပိုင် ကပ္ပလီကျွန်းစုအနီး ကပ္ပလီပင်လယ်ပြင်တွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်ကြေညာထားချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟု ကြေညာခဲ့ရာ[][] ဤသည်မှာ ဗိုလ်ချုပ်ကြီး မိုးအောင် ရေတပ်ဦးစီးချုပ်ဖြစ်လာပြီး ပထမဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။သူ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  တပ်မတော်(ရေ)၏ကာကွယ်ရေးဦးစီးချုပ် အဖြစ် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် အနားပေးသည်။အနားပေးသည့် ရက်မှာပင် သူသည် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

Remove ads

ဝန်ကြီးဘဝ

ယင်းနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) နှင့် (၁) တို့တွင် ပြည်ထောင်စုဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့ရသည်။

ရာထူးအနားပေးခြင်း

ဗိုလ်ချုပ်ကြီး မိုးအောင်သည် ၂၀၂၅ ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပသော စစ်ကောင်စီ ဂုဏ်ပြု နှုတ်ဆက်ပွဲတွင် လုံး၀ မမြင်တွေ့ရဘဲ[] ၎င်းသည် နေပြည်တော်မှ လုံးဝပျောက်ကွယ်သွားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့သစ် နှင့် စစ်ကော်မရှင် အသစ်တွင်လည်း ဗိုလ်ချုပ်ကြီး မိုးအောင် ပြန်ပါမလာတော့ဘဲ ရာထူးများမှ အနားပေးခံလိုက်ရသည်။[]

ဗိုလ်ချုပ်ကြီး မိုးအောင်၏ ရာထူးမှ အနားပေးခံရခြင်းနှင့် မြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းတို့သည် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ဆက်နွယ်နိုင်သည့် သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

ဂုဏ်ပြုခံရခြင်း

Thumb
၂၀၁၇ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်​၏ ပြည်ပခရီးစဉ်တွင် အတူတွေ့ရစဉ်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads