မီရှဲလ် အိုဘားမား

From Wikipedia, the free encyclopedia

မီရှဲလ် အိုဘားမား
Remove ads

မီရှဲလ် အိုဘားမား (Michelle LaVaughn Robinson Obama) (၁၉၆၄၊ ဇန်နဝါရီ ၁၇ ဖွား) သည် အမေရိကန်ရှေ့နေ၊ တက္ကသိုလ်အမှုထမ်းနှင့် စာရေးဆရာမဖြစ်ပြီး အမေရိကန်သမ္မတကတော်အဖြစ် ၂၀၀၉ မှ ၂၀၁၇ အထိ တာဝန်ထမ်းခဲ့သည်။ သူသည် ၄၄ ဆက်မြောက် အမေရိကန်သမ္မတ ဘာရက် အိုဘားမား ၏ဇနီးဖြစ်ပြီး ပထမဆုံး အာဖရိကန်-အမေရိကန်သမ္မတကတော် ဖြစ်သည်။  အီလီနွိုက်စ်ပြည်နယ်၊ ရှီကာဂို တောင်ဘက်ခြမ်းတွင် မွေးဖွားခဲ့သည့် မီရှဲလ်သည် Princeton University နှင့် Harvard Law School တို့တွင် တက်ရောက်ခဲ့သည်။ သူ့ ပထမဆုံးအလုပ်အကိုင်မှာ Sidley Austin ဥပဒေလုပ်ငန်းဖြစ်ပြီး ထိုလုပ်ငန်းတွင် ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့သည်။ သူသည် နောက်ပိုင်းတွင် အကျိုးအမြတ်မမျှော်ကိုးသည့် လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ပြီး ရှီကာဂိုတက္ကသိုလ် (University of Chicago) တွင် လက်ထောက်အဆောင်မှူးတာဝန်နှင့် University of Chicago Medical Center တွင် ကွန်မြူနတီနှင့် ပြင်ပရေးရာဌာနလက်ထောက်အုပ်ချုပ်သူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မီရှဲလ်သည် ၁၉၉၂ ခုနှစ်တွင် ဘာရက်နှင့် လက်ထပ်ပြီး သမီးနှစ်ဦး ထွန်းကားသည်။

အချက်တိုများ Michelle Obama, First Lady of the United States ...

မီရှဲလ်သည် ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်အတွင်းခင်ပွန်းဖြစ်သူ၏ သမ္မတဖြစ်ရေး မဲဆွယ်မှု (presidential bid)အတွက် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ ဒီမိုကရက်တစ်အမျိုးသားကွန်ဗင်းရှင်း (2008 Democratic National Convention)တွင် အရေးပါသောမိန့်ခွန်းတစ်ခုကို ပြောကြားခဲ့သည်။  သူသည် ၂၀၁၂ ဒီမိုကရက်တစ်အမျိုးသားကွန်ဗင်းရှင်း (2012 Democratic National Conven[]tion)  တွင်လည်း ခင်ပွန်းဖြစ်သူအတွက် မိန့်ခွန်းပြောကြားခဲ့သည်။ ဖီလာဒဲလ်ဖီးယားမြို့တွင် ပြုလုပ်သည့် ၂၀၁၆ ဒီမိုကရက်တစ် အမျိုးသား ကွန်ဗင်းရှင်း (2016 Democratic National Convention) တွင် သမ္မတကတော်ဟောင်းတစ်ဦးဖြစ်သည့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် အား ထောက်ခံသည့် မိန့်ခွန်းတစ်ခုကို  ပြောကြားခဲ့သည်။

သမ္မတကတော်အနေဖြင့် မီရှဲလ်သည် အမျိုးသမီးများအတွက် စံပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုအား သတိပြုမိရေး၊ ပညာရေး၊ အာဟာရပြည့်ဝရေး၊ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ကျန်းမာစွာ စားသုံးရေးတို့ကို လှုံ့ဆော်သူတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သည်။ သူသည် အမေရိကန်ဒီဇိုင်နာများကို အားပေးပြီး ဖက်ရှင်သင်္ကေတတစ်ဦးအဖြစ် မှတ်ယူခံရသူဖြစ်သည်။[][]

Remove ads

မိသားစုနှင့် ပညာရေး

အစောပိုင်းဘဝနှင့် မျိုးရိုးစဉ်ဆက်

Michelle LaVaughn Robinson ကို ၁၉၆၄ ခု၊ ဇန်နဝါရီ ၁၇ တွင် အီလီနွိုက်စ်ပြည်နယ်၊ ရှီကာဂိုမြို့တွင် Fraser Robinson III အမည်ရ မြို့တော်ရေပေးဝေရေးဌာနဝန်ထမ်းနှင့်  Spiegel's catalog store မှ အတွင်းရေးမှူး Marian Shields Robinson တို့က မွေးဖွားသည်။[] မိခင်ဖြစ်သူသည် မီရှဲလ် အထက်တန်းရောက်သည်အထိ အချိန်ပြည့်အိမ်ထောင်ရှင်မဖြစ်သည်။[]

မိသားစုဘဝ

သူ့ဖခင် Fraser C. Robinson III သည် ၁၉၉၁ မတ်လတွင် ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။[] သူ့ဖခင်ကို "ကျွန်မနှလုံးသားထဲက အပေါက်တစ်ခု" နှင့် "ကျွန်မဒဏ်ရာထဲက ဆုံးရှုံးမှုတစ်ခု"ဟု နောက်ပိုင်းတွင် ရည်ညွှန်းခဲ့သော်လည်း သူ့ဖခင်ကိုအမှတ်ရမှုကြောင့် ထိုကာလနောက်ပိုင်း သူသည် စိတ်အားတက်ကြွမှုများ ရရှိခဲ့သည်။ သူ့သူငယ်ချင်း ဆူဇန် အယ်လီလီ သည်လည်း ထိုအချိန်တစ်ဝိုက်တွင် ကင်ဆာရောဂါဖြင့် သေဆုံးခဲ့သည်။ ထိုသို့ဆုံးရှုံးမှုများကြောင့် သူသည် လူမှုအသိုင်းအဝိုင်းအပေါ် အကျိုးပြုရန်နှင့် ဥပဒေကျောင်းဆင်းပြီးနောက် ပထမဆုံးအလုပ်တွင်သူ့ဥပဒေလုပ်ငန်းမှတဆင့် ကမ္ဘာကြီးကို မည်မျှဩဇာလွှမ်းမိုးနိုင်ကြောင်း အလေးအနက်တွေးခေါ်လာခဲ့သည်။ သူက ထိုအရာကို အချိုးအကွေ့တစ်ခုအဖြစ် မှတ်ယူခဲ့သည်။[]

မီရှဲလ်သည် သူတို့အလုပ်လုပ်ကိုင်နေသည့် Sidley Austin LLP တွင် အခြားအာဖရိကန်- အမေရိကန်အနည်းငယ်နှင့်အတူ ဘာရက်အိုဘားမား နှင့် တွေ့ဆုံခဲ့သည်။ (အလုပ်တွင် သူတို့နှစ်ဦးသာ အာဖရိကန်-အမေရိကန်ဖြစ်ကြောင်း သူက ပြောလေ့ရှိသော်လည်း အခြားဌာနများတွင် အာဖရိကန်-အမေရိကန်များရှိကြောင်း အခြားသူများက ပြောကြသည်)။[] အိုဘားမားသည် နွေရာသီအချိန်ပိုင်းလုပ်ကိုင်သူအဖြစ် တာဝန်ထမ်းချိန်တွင် မီရှဲလ်က သင်ကြားပေးခဲ့သည်။[] သူတို့သည် အလုပ်သဘော နေ့လယ်စာစားရင်း စတင်ချိန်းဆိုခဲ့ပြီးနောက် ကွန်မြူနတီအဖွဲ့အစည်း အစည်းအဝေးတစ်ခုတွင် အိုဘားမားက မီရှဲလ်အား စတင်သဘောကျလာသည်။

အိုဘားမားနှင့် မတွေ့ဆုံမီက မီရှဲလ်သည် သူ့အလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်လိုကြောင်း မိခင်ဖြစ်သူအား ပြောခဲ့ဖူးသည်။[] သူတို့နှစ်ဦးအတူစတင်ကြည့်သည့်ရုပ်ရှင်မှာ Spike Lee ၏ ပွဲဦးထွက်ကား Do the Right Thing ဖြစ်သည်။[၁၀] ဘာရက်အိုဘားမားက သူတို့နှစ်ဦးသည် ဆန့်ကျင်ဘက်အားဖြင့် အချင်းချင်းဆွဲဆောင်မိကြောင်း၊ အကြောင်းမှာ မီရှဲလ်သည် မိဘနှစ်ပါးရှိသည့်နေအိမ်တွင် တည်ငြိမ်စွာ နေထိုင်သူဖြစ်ပြီး သူက စွန့်စားမှုကို ခုံမင်သူဖြစ်ကြောင်း ပြောခဲ့ဖူးသည်။[၁၁] သူတို့နှစ်ဦးသည် ၁၉၉၂၊ အောက်တိုဘာ ၃ ရက်တွင် လက်ထပ်ခဲ့သည်။[၁၂] မီရှဲလ်သည် ကိုယ်ဝန်ပျက်ကျခဲ့သဖြင့် ဇနီးမောင်နှံနှစ်ဦးသည် ဖန်ပြွန်သန္ဓေ (In vitro fertilisation) ဖြင့် သားသမီးမွေးဖွားခဲ့ရသည်။ [၁၃] သမီးနှစ်ဦးမှာ မယ်လီယာအန်း (၁၉၉၈ ဖွား) နှင့် နာတာရှား (ဆာရှာဟု လူသိများ၊ ၂၀၀၁ ဖွား) ဖြစ်သည်။[၁၄]

အိုဘားမားမိသားစုသည် အိုဘားမားတက်ခဲ့သည့် ရှီကာဂိုဥပဒေကျောင်းရှိရာ ရှီကာဂိုတောင်ဘက်ခြမ်းတွင် နေထိုင်ကြသည်။ အိုဘားမားသည် ၁၉၉၆ ခုနှစ်တွင် ပြည်နယ်ဆီးနိတ်နှင့် ၂၀၀၄ ခုနှစ်တွင် အမေရိကန်ဆီးနိတ်တွင် ရွေးကောက်ခံရသည်။ ဘာရက်အိုဘားမား ရွေးကောက်ခံရပြီးနောက် ဝါရှင်တန်ဒီစီသို့ ပြောင်းရွှေ့မည့်အစား ရှီကာဂိုတွင် ဆက်လက်နေထိုင်ကြပြီး သူတို့၏သမီးများအတွက် ပိုကောင်းမည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲ လှုပ်ရှားမှုတစ်လျောက်လုံးတွင် မီရှဲလ်အိုဘားမားသည် သူ့ခင်ပွန်းအား ကတိတစ်ခုတောင်းခဲ့ပြီး သမီးနှစ်ယောက်အတွက် "တစ်ပတ်လျှင် တစ်ကြိမ်သာ ညလုံးပေါက်အပြင်ထွက်ရန်၊ တစ်ပတ်လျှင် ၂ ရက်သာ မဲဆွယ်စည်းရုံးရန်နှင့် ဒုတိယနေ့ညပိုင်းတွင် အိမ်သို့အရောက်ပြန်ရန်" ဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads