မီးသတ်တပ်ဖွဲ့နေ့

From Wikipedia, the free encyclopedia

Remove ads

နှစ်စဉ် မေလ ၅ ရက်နေ့သည် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမီးသတ်တပ်ဖွဲ့နေ့ ဖြစ်သည်။

သမိုင်းကြောင်း

မီးသတ်အစည်းအရုံးများ စုစည်းရန် ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးညီလာခံကြီးကို ရန်ကုန်မြို့၊ ကန်တော်ကလေး၊ ဇိနတ်အစ္စလာမ် အမျိုးသမီးကျောင်းတွင် ကျင်းပခဲ့ရာ တစ်ပြည်လုံးရှိ ၁၉ ခရိုင်မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦး စုံညီစွာ တက်ရောက်ခဲ့ကြသည်။ နာယကလူကြီးများမှာ ဦးအောင်ဆန်းဦးဘချို၊ ဦးဘဂျမ်း (ပြန်လည်ထူထောင်ရေးဝန်ကြီး)၊ သခင်မြ၊ ဦးဘဖေကြီး၊ ဦးစိုးညွန့်၊ ဟင်္သာတဦးမြ၊ ဦးတင်(မြန်မာ့အလင်း)၊ ဦးမြ(ပျော်ဘွယ်)၊ သခင်သန်းထွန်း၊ ဦးဘဝင်း၊ ဗန္ဓုလဦးစိန်တို့ ဖြစ်ကြသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး မီးသတ်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်ဩဝါဒ မိန့်ကြားခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်ညီလာခံ ကျင်းပခဲ့သည့် မေလ ၅ ရက်နေ့ကို မီးသတ်တပ်ဖွဲ့နေ့အဖြစ် နှစ်စဉ်ကျင်းပခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads