မုဒြာရဲ့ခေါ်သံ (ရုပ်ရှင်ဇာတ်ကား)
From Wikipedia, the free encyclopedia
Remove ads
မုဒြာရဲ့ခေါ်သံ (အင်္ဂလိပ်: Mudras Calling) ဇာတ်ကားသည် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ပွဲဦးထွက်ရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်ပြီး ဇဏ်ခီ၊ လှယဉ်ကျေး နှင့် နန်းဝေဝေထွန်း(ဇာတ်ပို့)တို့ ပါဝင်သရုပ်ဆောင်ထားသော dramatized documentary ဇာတ်ကားတစ်ကားဖြစ်သည်။
Remove ads
ဇာတ်လမ်းအကျဉ်း
အမေရိကန်နိုင်ငံတွင် ကြီးပြင်းခဲ့သော မြန်မာပြည်ဖွား ဂျေဒန် (Jaden) သည် ၎င်း၏ဇာစ်မြစ်ကို ရှာဖွေရန် မြန်မာပြည်သို့ပြန်လာခဲ့ပြီး ထင်မှတ်မထားသော အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ရသည်။[၁] မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်သည် ၎င်း၏ ဂီတမဟာတန်းသုတေသန စာတန်းအတွက် မြန်မာ့ရိုးရာဂီတနှင့်အကကို သုတေသနပြုရန် ဇာတိမြေမြန်မာပြည်သို့ ပြန်လာခဲ့သည်။ ဤတွင် ယဉ်ကျေးမှုတက္ကသိုလ်မှ ရိုးရာဂီတဘာသာရပ်ဖြင့် ဘွဲ့ရထားသော နှင်းသူဇာနှင့်တွေ့ဆုံခဲ့ပြီး ဂျေဒန်၏မိဘအရင်းနှင့် ဇာစ်မြစ်ကို ရှာဖွေရန် ကူညီခဲ့သည်။ ဂျေဒန်၏ မြန်မာပြည်ခရီးစဉ်တလျှောက် လူသိနည်းသော ဒေသခံများ၏ နေထိုင်မှုပုံစံများ၊ တွေ့မြင်ရခဲသော မြန်မာပြည်၏ အလှအပများကို ထင်ဟပ်စေသော ဇာတ်ကားတစ်ကားဖြစ်သည်။ [၂]
Remove ads
သရုပ်ဆောင်များ
- ဂျေဒန် အဖြစ် ဇဏ်ခီ
- နှင်းသူဇာ အဖြစ် လှယဉ်ကျေး
ရရှိခဲ့သောဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ
ကိုးကား
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads