မုန့်ပျားသလက်

မြန်မာပြည်အနှံ့ မုန့်ပြားသလက်ဆိုင်များရှိသော်လည်း အညာဒေသ(မန္တလေး၊ကျောက်ပန်းတောင်း၊ပုဂံ၊ From Wikipedia, the free encyclopedia

မုန့်ပျားသလက်
Remove ads

မုန့်ပျားသလက် သည် ဆန်မှုန့်ကို တဆေး သို့မဟုတ် ဆော်ဒါအမှုန့်ဖြင့် အချည်ဖေါက်ထား၍ ဆန်မုန့်နှစ်အရည်ရအောင်ပြုလုပ်ပြီး မြေအိုးကင်းဖြင့်ချက်လုပ်ယူသော မြန်မာ့ရိုးရာ သရေစာတစ်မျိုးဖြစ်သည်။ မြေအိုးကင်းအတွင်း ဆန်မုန့်နှစ်အရည်လောင်းထည့်ပြီးနောက် စားတော်ပဲပြုတ်စေ့များကို မျက်နှာပြင်ပေါ်ဖြူးပြီး မြေအိုးစလောင်းဖုံးဖြင့်အုပ်ကာ အောက်မှ မီးပူဖြင့်ကျက်စေသည်။ စားတော်ပဲပြုတ်အပြင် ကြက်သွန်မိတ်၊ နံနံပင် စသည်တို့ကို ထည့်၍လည်း ပြုလုပ်ကြသေးသည်။

Thumb
မုန့်ပျားသလက်
Thumb
Burmese beehive cake street food

ကျက်ပြီးသော စားသုံးရန်အသင့် မုန့်၏ မျက်နှာပြင်တွင် ပျားသလက်ကဲ့သို့သော အပေါက်ငယ်များပါရှိကာ မုန့်ကို ဖဲ့လိုက်လျှင်လည်း ပျားသလက်ကို ဖဲ့သကဲ့သို့ အမြှောင်းလေးများပါရှိရာ ပျားသလက်နှင့် အလွန်ဆင်ဆင်တူသောကြောင့် မုန့်ပျားသလက်ဟုခေါ်ကြသည်။ မုန့်ပျားသလက်ကို နှမ်းထောင်း၊ ဆီ၊ ဆား စသည်တို့ ဖြင့်လိမ်းကျံပြီး စားသုံးကြသည်။

ပုံစံကွဲအဖြစ် မြေအိုးကင်းအတွင်း ဆန်မုန့်နှစ်ရည်ထည့်ပြီးနောက် စားတော်ပဲပြုတ်အစား ထန်းလျှက်ရည် ထည့်၍လည်း ပြုလုပ်ကြပြီး ၎င်းကို မုန့်ပျားသလက် အနီ သို့မဟုတ် မုန့်နီ ဟူ၍ ခေါ်ကြသည်။

ယနေ့ခေတ်တွင် မုန့်ပျားသလက်ပြုလုပ်သော မြေအိုးကင်းမှာ ရှာဖွေဝယ်ယူရန် မလွယ်ကူတော့၍ အခြားသော သံထည်၊ ကြွေထည်၊ စဉ့်ထည် အစရှိသည့် အိုးများကို အသုံးပြုပြီး အိုးကို ဆီအနည်းငယ်သုပ်ပြီးမှ မုန့်နှစ်ထည့်သော နည်းဖြင့် ပြုလုပ်လာကြသည်။ ဆီမခံဘဲ မြေအိုးကင်းဖြင့်ပြုလုပ်သော မုန့်ပျားသလက်၏ အောက်မျက်နှာပြင်သည် ကျွတ်ရွနေလေ့ရှိပြီး အိုးကို ဆီသုပ်လိမ်းပြီးမှ ပြုလုပ်သော မုန့်ပျားသလက်မှာမူ ပိုမိုနူးညံ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads