မွတ်စလင်မ်

အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်သူ From Wikipedia, the free encyclopedia

မွတ်စလင်မ်
Remove ads

ကမ္ဘာ၏ ၅ပုံ ၂ပုံမျှသော သူများသည် အစ္စလာမ် သာသနာဝင် မွတ်စလင်(မ်) များဖြစ်ကြပြီး လူမျိုးအသီးသီး နိုင်ငံအသီးသီး နှင့် ကမ္ဘာအရပ်ရပ်ရှိ ယဉ်ကျေးမှုအဖုံဖုံတို့မှလူများပါဝင်ကြသည်။ ဖိလစ်ပိုင်တောင်ဘက်ပိုင်းမှသည် နိုင်ဂျီးရီးယား ထိတိုင်အောင်ပင်ရှိ၏။ ထိုသူတို့အားလုံးသည် တူညီသော အစ္စလာမ်သာသနာအားဖြင့် တူညီသော ယုံကြည်ချက် ခံယူချက်များ ရှိကြ၏။ အာရပ်တိုင်းပြည်များတွင် ၁၈% သော မွတ်စလင်(မ်) များရှိပြီး အင်ဒိုနီးရှားသည် ကမ္ဘာတွင် မွတ်စလင်(မ်) အများဆုံးသော နိုင်ငံဖြစ်သည်။ အာရှ နှင့် အာဖရိက တွင် မွတ်စလင်(မ်) အတော်များများနေထိုင်ကြသည်။ ရုရှားတရုတ်အမေရိကန် တောင်နှင့် မြောက်ပိုင်း၊ ဥရောပတို့တွင် မွတ်စလင်(မ်) လူနည်းစုနေထိုင်ကြသည်။

Thumb
မူဆလင်

အစ္စလမ်ဘာသာတွင် ဆွန္နီမွတ်စလင်(မ်)(Sunni) နှင့် ရှီအာမွတ်စလင်(မ်)(Shia ) ဟူ၍ ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲခဲ့ကြသည်။ သို့သော် မတူညီသည့် အချက်မှာတမန်တော်မြတ် (ဆွ) အလ္လာဟ်အသျှင်မြတ်အမိန့် ခံယူပြီး ခြင်းပင် အစပြုခဲ့သည်။

Remove ads

ဆွန္နီမွတ်စလင်(မ်)

တမန်တော်မြတ် (ဆွ) မရှိတော့သည်နောက် သူ၏အရိုက်အရာအားဆက်ခံမည့် ဘာသာရေးခေါင်းဆောင်အား မွတ်စလင်(မ်)များ ရွေးချယ်ရာမှ အဘူဘကရ် စွဒ္ဒိက် (တမန်တော်မြတ်၏တပည့်သာဝကကြီးဖြစ်သလို၊ အစောဆုံးမွတ်စလင်(မ်)ဖြစ်လာသူများထဲမှတစ်ဦး) ကို ခေါင်းဆောင်အဖြစ်တင်မြောက်ခဲ့ကြသည်။ ထိုသို့ အဘူဘကရ်စွဒ္ဒိက် နှင့် သူ့အားဆက်ခံခဲ့ကြသည့် အခြားခေါင်းဆောင်၃ဦး အုမရ်သခင်၊အွစ်မာန်သခင်၊အလီသခင် (အစ္စလမ်ဘာသာတွင် မှန်ကန်သည့်ခေါင်းဆောင်ကြီး ၄ ဦးဟူ၍ရှိသည်) အား လက်ခံသူ နောက်လိုက်များကို ဆွန္နီမွတ်စလင်(မ်) ဟုခေါ်ပြီး ကမ္ဘာ့မွတ်စလင်(မ်)အရေအတွက်၏ ၉၅ရာခိုင်နှုန်းရှိသည်။

Remove ads

ရှီအာမွတ်စလင်(မ်)

သို့ရာတွင် အဘူဘကရ် ၏ ဆက်ခံမှုအား မထောက်ခံသည့် အလီအိုင်ဘင်အဘီတာလိဘ်(Ali-ibn-Abi-Talib) ဦးဆောင်သည့် အုပ်စုကိုမူ ရှီအာဟုခေါ်ကြသည်။ အလီသည် ခေါင်းဆောင်ကြီး ၄ ဦးတွင် စတုတ္ထမြောက်ဆက်ခံသူနေရာအား ရရှိခဲ့သည်။ ဆိုလိုရင်းမှာ ဆွန္နီမွတ်စလင်(မ်) များအတွက် အဘူဘကရ် သည် တမန်တော်မြတ် (ဆွ) အလ္လာဟ်အသျှင်မြတ်အမိန့် ခံယူပြီး နောက် ပထမဆုံး ဆက်ခံသူခေါင်းဆောင်ဖြစ်ပြီး အလီမှာစတုတ္ထမြောက်ဆက်ခံသူဖြစ်သည်။ သို့သော် ရှီအာမွတ်စလင်(မ်) များအတွက်တော့ အလီသည် တမန်တော်မြတ် (ဆွ) အလ္လာဟ်အသျှင်မြတ်အမိန့် ခံယူပြီး နောက် ပထမဆုံး ဆက်ခံသူဖြစ်သည်။၎င်းတို့သည်အလီကိုတမန်တော်အဖြစ်တင်မြောက်ချင်ကြသူများဖြစ်ကြသည်။

ဆွန္နီမွတ်စလင်(မ်) နှင့် ရှီအာမွတ်စလင်(မ်) တို့သည် ကိုးကွယ်ကျင့်သုံးရာအဖြစ် ကုရ်အာန်ကျမ်းအား အဓိကအသုံးပြုကြသော်လည်း မတူကွဲပြားခြားနားသော ဟဒီးဆ် ခေါ်အစဉ်အလာနှင့် ကုရ်အာန် အား ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ဘာသာရေး စည်းမျဉ်းစည်းကမ်းများ မတူညီကြချေ။ ရှီအာမွတ်စလင်(မ်) တို့သည် ကုရ်အာန်ကျမ်းကို ထပ်တိုးထားကြသည်။ အရေအတွက်အရလည်း ဆွန္နီမွတ်စလင်(မ်) များသည် ကမ္ဘာအဝှမ်းတွင် လူများစုဖြစ်ပြီး ရှီအာမွတ်စလင်(မ်) များမှာ အီရန်နှင့် အီရတ်တွင်သာ လူများစုအဖြစ် တည်ရှိကြသည်။

Remove ads

အာရပ်မွတ်စလင်တို့၏ အမျိုးသားရေးနှင့် နယ်ပယ်ချဲ့ထွင်မှုများ

Thumb
မွတ်စလင်မ် ပျံ့နှံ့နေထိုင်မှု

မိုဟာမက်ကိုဘာသာရေးသာမက နိုင်ငံရေး၊အမျိုးသားရေးနှင့် လူမှုရေးတို့တွင်လည်း ဦးဆောင်သူအဖြစ် သတ်မှတ်နိုင်သည်။ အစုစုကွဲပြားနေသည့် အာရပ်မျိုးနွယ်စုတို့ကို ဘာသာရေးဦးဆောင်မှုဖြင့် စုစည်းပေးနိုင်ပြီး မိမိထက်အင်အားခြင်း မယှဉ်နိုင်အောင်များပြားကျယ်ပြန့်သည့် အရှေ့ဘက်မှ ဆက်ဆန်းနစ်(Sassanids)တို့၏ ပါရှန်းအင်ပါယာသစ်(Medo-Persian Empire) နှင့် အနောက်ဘက်မှ အရှေ့ရောမအင်ပါယာ(ခေါ်)ဘိုင်ဇန်တိုင်းအင်ပါယာ (Byzantine Empire)တို့ကို အနိုင်ယူပြီး အယူဝါဒအသစ်ကို ပြန့်ပွားရန်အတွက် လမ်းခင်းပေးခဲ့သည်။ ကိန်းဂဏန်း၊လူဦးရေ အရနှိုင်းယှဉ်လျှင် အာရပ်နှင့် ထိုအင်ပါယာကြီးနှစ်ခုကြားတွင် အလွန့်အလွန်ကွာခြားသည်ဟုဆိုရမည်ဖြစ်သော်လည်း ဘာသာရေးယုံကြည်ချက်ဖြင့် နှိုးဆွထားသည့် အာရပ်တို့အတွက်မူ ထိုကွာခြားမှုတို့ကို မမှုတော့ပေ။

မိုဟာမက်နောက်ဆက်ခံသည့် အဘူဗကရ်နှင့် အုမရ်အိဗနေအယ်လ်ခတ်တဗ် (Umar ibn al-khattab)တို့လက်ထက်များတွင် အာရှမှ အာရပ်တို့ဦးဆောင်သည့် မွတ်စလင်တို့၏ ဘာသာရေးလှုပ်ရှားမှုတစ်ဖြစ်လဲ နယ်ပယ်ချဲ့ထွင်မှုသည် အလွန်သွက်လက်မြန်ဆန်သည်ဟုဆိုရမည်ဖြစ်သည်။ အချိန်တိုအတွင်း မက်ဆိုပိုတေးမီးယား(Metsopoyamia)၊ ဆီးရီးယားနှင့် ပါလက်စတိုင်းဒေသများကို သိမ်းသွင်းပြီး အယူဝါဒသစ်ကို ပြန့်ပွားရန် အားထုတ်ကြသည်။ ၆၄၂တွင် အီဂျစ်ကို ဘိုင်ဇန်တိုင်းအင်ပါယာ လက်မှဖဲ့ယူပြီး အရှေ့ဘက်မှ ပါရှားတပ်များကို ဒီစီယားစစ်ပွဲ(၆၃၇) နှင့် နေဟာဗင်စစ်ပွဲ(၆၄၂)များတွင် အပြီးသတ် အောင်နိုင်သည်။ဂျီဘရော်တာရေလက်ကြားကိုဖြတ်ကာ ဥရောပကုန်းမြေရှိ စပိန်နိုင်ငံထိ သိမ်းယူနိုင်သည်အထိအင်အားကြီးခဲ့သည်။ ဥရောပရှိ မူလခရစ်ယာန်နိုင်ငံများအားလုံး မူဆလင်တို့၏ သိမ်းသွင်းမှုခံရတော့မည့် အနေအထားသို့ ခြိမ်းခြောက်လာသည့်တိုင် ပြင်းထန်လှပေသည်။ သို့သော် ရ၃၂ ခု၊ ပြင်သစ်နိုင်ငံအလယ်ပိုင်းတွင် တိုက်ခိုက်သည့် နာမည်ကျော် တိုး(Tours) စစ်ပွဲတွင် မွတ်စလင်တို့ ရှုံးနှိမ့်ပြီးမှသာ ထိုချဲ့ထွင်မှုရပ်တန့်တော့သည်။ စပိန်အနေဖြင့် နောင်အနှစ် ရ၀၀ကျော်ရုန်းကန်ပြီးမှသာ မွတ်စလင်တို့လက်အောက်မှ လွတ်ထွက်ပြီး ခရစ်ယာန်နိုင်ငံအဖြစ် ပီပီပြင်ပြင်ပြန်လည်ရပ်တည်နိုင်သည်။ ထို့အတူ အာဖရိကမြောက်ပိုင်းဒေသများလည်း ဆက်တိုက်ပင် အာရပ်တို့လက်အောက်မှလွတ်မြောက်သည် ဟုဆိုနိုင်သော်လည်း အာရပ်ယဉ်ကျေးမှုနှင့် အစ္စလာမ်ဘာသာ နှစ်မျိုးလုံးကိုပင် ဆက်လက်ပြီး လက်ခံကျင့်သုံးမြဲ၊ကျင့်သုံးဆဲပင်ဖြစ်သည်။

ရည်ညွှန်းကိုးကား

မူရင်းရေးသားသူ - ဘိုးစိန် 4 June 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

ရည်ညွှန်းကိုးကား - Neatorama, Wikipedia

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads