မေတ္တာ (ရုပ်ရှင်သရုပ်ဆောင်)

From Wikipedia, the free encyclopedia

Remove ads

မေတ္တာ (၈ နိုဝင်ဘာ ၁၉၅၄–၂ ဩဂုတ် ၂၀၂၁) သည် မြန်မာ့ရုပ်ရှင်လောကတွင် သရုပ်ဆောင်အဖြစ်လည်းကောင်း၊ လူရွှင်တော်အဖြစ်လည်းကောင်း ကျော်ကြားသူတစ်ဦး ဖြစ်သည်။ ၁၉၅၄−ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ နာမည်အရင်းမှာ ကိုခင်မောင်မြင့် ဖြစ်သည်။ ပညာရေးမှာ စီးပွားရေးဘွဲ့ B.Com(Eco) ရရှိထားသူ ဖြစ်သည်။

အချက်တိုများ မေတ္တာ, မွေးဖွား ...

တက္ကသိုလ် အနုပညာလောကမှ လာသူဖြစ်ပြီး တက္ကသိုလ် အငြိမ့်ထဲတွင် လူရွှင်တော်အဖြစ် ပါဝင်ခဲ့သည်။ အငြိမ့်တွင် မေတ္တာ၊ ချစ်စရာ၊ ကရုဏာ၊ သစ္စာ ဆိုပြီး လူရွှင်တော် လေးဦး ပေါ်ပေါက်ခဲ့သည်။ မေတ္တာဆိုသော အမည်ကို စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ညွန့်က ပေးလိုက်ခြင်း ဖြစ်သည်။ ထိုခေတ်က မေတ္တာနှင့် တွဲ၍ နာမည်ကြီးခဲ့သော လူရွှင်တော်မှာ ကွမ်းသီးဖြစ်သည်။ ဇနီးမှာ လွင်မီမီကို ဖြစ်ပြီး သားသမီးနှစ်ယောက် ရှိသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။[][][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads