မေလွင် (ရုပ်ရှင်သရုပ်ဆောင်)

From Wikipedia, the free encyclopedia

Remove ads

မေလွင်ကို အဖ မီးရထားဝန်ထောက်မင်း ဦးငွေကိုင်၊ အမိ ဒေါ်စောရှင်တို့က ၁၉၃၂ ခုနှစ်တွင် မော်လမြိုင်၊ ဒိုင်းဝန်းကွင်းတွင် မွေးဖွားသည်။ အမည်ရင်းမှာ မတင်အေး ဖြစ်သည်။ အခြေခံပညာအထက်တန်းအထိ ပညာသင်ကြားခဲ့သည်။ စိန့်ဂျိုးဇက်ကွန်ဗင့်တွင် ပညာဆည်းပူးခဲ့သည်။

ဖခင်ဖြစ်သူ ဦးငွေကိုင်နှင့် အေဝမ်းဦးတင်မောင်တို့မှာ ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်သည်။ မေလွင်သည် ရုပ်ရှင်ဝါသသနာအထုံပါလာသည့်အလျောက် ဖခင်မရှိသည့်နောက်ပိုင်း ဦးတင်မောင်က ခေါ်ယူပြီး ဂုဏ်ရည်မတူ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်စေရာ ထိုဇာတ်ကားတစ်ကားတည်းနှင့် မေလွင် နာမည်ရလာသည်။ အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေး ထုံးစံအတိုင်း မေသန်း၊ မေနွဲ့၊ မေမြတို့ကဲ့သို့ပင် မတင်အေးကိုလည်း မေလွင် ဟု အနုပညာအမည်ပေးခဲ့ခြင်းဖြစ်သည်။ မေလွင်သည် အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုနည်းပါးခဲ့သည်။ မေလွင်၏သရုပ်ဆောင်မှုမှာ ကလေးဆန်ကာ လှုပ်ရှားမှုမြူးကြွသည်။ ထို့ကြောင့် အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာ ဝေဇင် ရိုက်ကူးသည့် ချစ်မမ ဇာတ်ကားတွင် မေလွင်၏သရုပ်ဆောင်ဟန်မှာ ဇာတ်နှင့်ဟပ်မိသွားသည်။ ယမင်းဇာတ်ကားတွင် မေမြ၏ညီမနေရာမှ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့သောကြောင့် မေလွင်သည် ၁၉၅၅ ခုနှစ်အတွက် အမျိုးသမီးပညာသည်ဆု (ဇာတ်ပို့ဆု) ဆွတ်ခူးရရှိခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads