မောင်တောခရိုင်

ရခိုင်ပြည်နယ်ရှိခရိုင် From Wikipedia, the free encyclopedia

မောင်တောခရိုင်

မောင်တောခရိုင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ တည်ရှိပြီး မြန်မာနိုင်ငံ အနောက်ဘက်စွန်းတွင် တည်ရှိသော ခရိုင်ဖြစ်သည်။ ပါဝင်သော မြို့နယ်များမှာ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် တို့ဖြစ်ကြသည်။

အချက်တိုများ မောင်တောခရိုင်, နိုင်ငံ ...
မောင်တောခရိုင်
Thumb
ရခိုင်ပြည်နယ်အတွင်းတည်​နေရာ
Thumb
မောင်တောခရိုင်
ရခိုင်ပြည်နယ်အတွင်းတည်​နေရာ
ကိုဩဒိနိတ်: 21°00′N 92°23′E
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
မြို့နယ်ပေါင်း
မြို့တော်မောင်တောမြို့
လူဦးရေ (၂၀၁၄)၉၆,၃၃၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)
ပိတ်ရန်

ခရိုင်ရုံးစိုက်ရာမြို့မှာ မောင်တောမြို့ဖြစ်ပြီး ယခင်က ဘူးသီးတောင်မြို့တွင် ခရိုင်ရုံးစိုက်ခဲ့ဖူးသည်။ ဒေသတွင်း အရေးပါသော အခြားမြို့၊ ရွာများမှာ တောင်ပြိုလက်ဝဲမြို့ခမောင်းဆိပ်မြို့မြင်းလွှတ်မြို့တောင်ပြိုလက်ယာရွာအလယ်သံကျော်တောင်ဘဇား ဘောလီဘဇား စသည်တို့ဖြစ်ကြသည်။

ပါဝင်သောမြို့နယ်များ

Thumb
​မောင်​တောခရိုင်မြို့နယ်များ
  ​မောင်​တောမြို့နယ်
  ဘူးသီး​တောင်မြို့နယ်

​မောင်​တောခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[]

နယ်နမိတ်

မောင်တောခရိုင်သည် အရှေ့ဘက်နှင့်တောင်ဘက်တွင် စစ်တွေခရိုင်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘင်ခရိုင်တို့ဖြင့် ထိစပ်လျက်ရှိသည်။ မောင်တောခရိုင်နှင့် ကော့ဘဇားခရိုင်ကြားမှ စီးဆင်း၍ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်သော နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်နိမိတ်လည်း ဖြစ်သည်။

လူမှုပထဝီဝင်

မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့ကြားတွင် နယ်စပ်ကုန်သွယ်ရေး ရှိသည်။ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ကို မေယုတောင်တန်းဖြင့် ပိုင်းခြားထားသည်။ မောင်တောမြို့နယ် နတ်မြစ်ဝှမ်းနှင့် ဘူးသီးတောင်မြို့နယ် မေယုမြစ်ဝှမ်းဒေသ များမှာ မြေပြန့်လွင်ပြင် ပေါများပြီး မြေဩဇာ ကောင်းမွန်သဖြင့် လူဦးရေ ထူထပ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မောင်တောခရိုင်ရှိ လူဦးရေမှာ ၉၆,၃၃၀ ယောက် ဖြစ်သည်။[] ဒေသတွင်းနေထိုင်သူ အများစုမှာ အစ္စလာမ် ဘာသာကိုးကွယ်ကြသည်။ မြန်မာနိုင်ငံ အနောက်ဘက်စွန်း၌ တည်ရှိခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေခြင်းတို့ကြောင့် အရေးပါသောခရိုင်တစ်ခု ဖြစ်သည်။

မောင်တောမြို့နယ်၏ ဧရိယာသည် မယူတောင်တန်း၏ အနောက်ဘက် တောင်ခြေတစ်လျောက် ဖြစ်သည်။ တောတောင်ထူထပ်ပြီး သစ်၊ ဝါးပေါများသည်။ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ ၁၃၇.၃၆-စတုရန်းမိုင် ရှိသည်။ စပါးနှင့် ငါးပုဇွန်လုပ်ငန်းသည် အဓိကဖြစ်သည်။ တောင်ပြိုလက်ဝဲ မပါဘဲ ဆန်စပါး စိုက်ဧက ၉၀.၂၀-စတုရန်းမိုင်၊ ကျေးရွာအုပ်စု ၈၈-စု၊ ကျေးရွာပေါင်း ၃၇၀-ရွာ၊ ပုဇွန်ကန် ပေါင်း ၂၁၆၉-ကန်နှင့် မွေးမြူရေး ဧက ၁၄၃၄၅ ဧက ရှိသည်။ မြို့မကျောင်းရှိ မဟာကျန်ဘုရားနှင့် ဝက်ကျိန်းစေတီ၊ သရီကုန်းဘောင်စေတီ၊ ချင်းမခေါင်းတို့မှာ ထင်ရှားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မယူတောင်တန်းကြောင့် စစ်တလင်း ဖြစ်ခဲ့သည်။ ၁၉၉၅-ခုနစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့မှ စ၊ စစ်တွေခရိုင်မှ ခွဲထက်ကာ မောင်တောခရိုင်ဟု သီးခြားဖွဲ့စည်းသည်။ ၁၉၉၉-ခု၊ ဧပြီလ (၂၃)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ကို ထည့်သွင်း တိုးချဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.