မောင်ရွှေအိုင် (ပြင်စည်မင်းသား)

From Wikipedia, the free encyclopedia

Remove ads

ကုန်းဘောင်ခေတ်တွင် ပြင်စည်မင်းသားငါးပါး ရှိခဲ့သည့်အနက် ပြင်စည်မင်းသား မောင်ရွှေအိုင်သည် ပထမပြင်စည်မင်းသား ဖြစ်လေသည်။ ၎င်းသည် အလောင်းမင်းတရား၏ ညီတော်အရင်း၏ မြေးတော်သူ ဖြစ်သည်။ မောင်ရွှေရ၏ အဘိုးမှာ အလောင်းမင်းတရား၏ ညီတော်အရင်း မင်းသားမောင်ရွှေရ ဖြစ်သည်။ မင်းသားမောင် ရွှေရသည် နောင်တော် မင်းမဖြစ်မီ ဆုံးပါးသွားသူ ဖြစ်သည်။ မင်းသားမောင်ရွှေရနှင့် ခင်ဝ (စည်ပုတ္တရာ ရွှေကာ တစ်ထောင်မှူး မင်းသီရရန္တဇ နှင့် မယ်ဘက်တို့၏ သမီး) တို့၏ သားဖြစ်သော မောင်ပြေ (မင်းရဲသင်္ခသူဘွဲ့ခံ ကျောက်ဆောက်မြို့စား မြင်းမှူးမင်းသား) မှာ ပထမပြင်စည်မင်းသား မောင်ရွှေအိုင်၏ ခမည်းတော် ဖြစ်သည်။ ပြင်စည်မင်းသားမောင်ရွှေအိုင်၏ မယ်တော်မှာ ပြည်တော်သာရွာစား ခင်အမ (အင်းဝ ဗိုလ်မှူး မင်းလှကျော်သူ ၏ သမီး) ဖြစ်သည်။ အလောင်းမင်းတရားက ပြင်စည်မြို့ကို အသုံးကံကျွေးပေးသဖြင့် ပြင်စည်မင်းသားဟု တွင် ခြင်း ဖြစ်သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads