မောင်သန်းဆွေ (ထားဝယ်)
From Wikipedia, the free encyclopedia
Remove ads
သန်းဆွေ၊ မောင် (ထားဝယ်)ကို အဖ အငြိမ်းစား ခရိုင်ရဲဝန် ဦးစူ၊ အမိ ဒေါ်ရွှေရွှေတို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ ၁၉၄၁-ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့တွင် ထားဝယ်မြို့၌ မွေးဖွားသည်။
စစ်ပြီးစတွင် လက်ပံတန်းမြို့နှင့် ထားဝယ်မြို့များ၌ ပညာ စ၍သင်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်မှ စ၍ ရန်ကုန်မြို့ မက်သဒစ်အင်္ဂလိပ်အထက်တန်းကျောင်း (ယခု ဒဂုံ အထက ၁) တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့ကို သင်ကြားခဲ့ သည်။ ၎င်းကျောင်းမှပင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ အဆင့်မြင့်ပညာများကို ရန်ကုန်တက္ကသိုလ်တွင် သင်ကြားခဲ့ပြီး ဘွဲ့ ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် ထားဝယ်ခရိုင် ကျောင်းသူ၊ ကျောင်းသားများအသင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းများနှင့် ရှုမဝမဂ္ဂဇင်း “အဟိ” ကဏ္ဍတွင် ကလောင်အမည် အမျိုးမျိုးဖြင့် စတင် ကလောင်သွေး ခဲ့သည်။ ၁၉၈၅ ခု ဇူလိုင်လထုတ် ရှုမဝမဂ္ဂဇင်းတွင် မောင်သန်းဆွေ (ထားဝယ်) ကလောင်အမည် ခံယူ၍ “ထားဝယ်ရောက် ဆင်ဖြူမရှင်” သမိုင်းဆောင်းပါးဖြင့် စာပေနယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ပညာရေးဌာနတွင် (၃)နှစ် အမှုထမ်းဖူးသည်။ ထားဝယ်မြို့ ရှေ့နေ အသင်းတွင် အတွင်းရေးမှူးအဖြစ် (၆)နှစ်၊ ဥက္ကဋ္ဌအဖြစ် (၆)နှစ် တာဝန်ယူခဲ့သည်။ ရှုမဝ၊ ဉာဏ်လင်း ဓမ္မစာပဒေသာတို့တွင် သမိုင်းနှင့် ဘာသာရေးဆောင်းပါးများ ရေးသားခဲ့သည်။ ရနံ့သစ်နှင့် ပုလဲမြို့ပြ မြေယာ မဂ္ဂဇင်း၊ စာဖတ်သူဂျာနယ်များတွင် ပင်တိုင် သမိုင်း ဆောင်းပါးရှင်အဖြစ် ရေးသားနေသည်။ တနင်္သာရီတိုင်း သတင်းစဉ် တွင်လည်း ဆောင်းပါးများ ရေးသားခဲ့သည်။ ထားဝယ်မြို့ ဘုရားကြီး သမိုင်း၊ လောကသရဖူ လျောင်းတော်မူဘုရားကြီးသမိုင်း၊ ထားဝယ်မြို့ ကြက်မင်းစေတီတော်သမိုင်း၊ ရှင်ကိုးရှင်နှင့် သမိုင်းဝင် ထားဝယ် ဘုရားများ၊ သာသနာ့တံခွန် ထားဝယ်ထေရ်မွန်များ၊ ကုန်းဘောင် ရှင်းတမ်း စသည့် စာအုပ်များကို ရေးသားခဲ့သည်။ ထားဝယ်မြို့၏ သာသနာရေးနှင့် လူမှုရေး အဖွဲ့အစည်းများတွင် ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့၊ ယူဆဲဖြစ်သည်။ အိမ်ထောင်ရှင်ဖြစ်ပြီး သားသမီး(၃) ယောက်ရှိသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads