မော်လတာကျွန်း
From Wikipedia, the free encyclopedia
Remove ads
မော်လတာကျွန်း
မော်လတာကျွန်းသည် မြေထဲပင်လယ်ထဲတွင် တည်ရှိ၍ ဗြိတိသျှလက်အောက်ခံ ကျွန်းငယ်ဖြစ်သည်။ ဂိုဇာ၊ ကိုမီနိုနှင့် အခြားကျွန်းကလေး ၂ ကျွန်းတို့သည် အပေါင်းပါ ကျွန်းများ ဖြစ်၏။ မော်လတာကျွန်းသည် ပုံသဏ္ဌာန်အားဖြင့် ဘဲဥပုံ မကျတကျ ဖြစ်၍ အလျား ၁၇ မိုင်ခွဲ၊ အနံ ၉ မိုင်ရှိကာ ၉၅ စတုရန်းမိုင် ကျယ်ဝန်း၏။ အပေါင်းပါ ကျွန်းငယ်များကိုပါ ထည့်သွင်းလျှင် အကျယ် အဝန်းမှာ ၁၂၂ စတုရန်းမိုင် ဖြစ်၏၊ စစ္စလီကျွန်းနှင့် ၅၈ မိုင်ခန့် ကွာဝေးလျက် အာဖရိကတိုက် မြောက်ဘက်ရှိ အနီးဆုံးကမ်းခြေနှင့် မိုင် ၁၈ဝ ကွာဝေးသည်။
မော်လတာကျွန်းသည် ထုံးကျောက်မျိုးဖြင့် ဖွဲ့စည်းလျက် တောင်ဘက်မှလွဲလျှင် ကမ်းရိုးသည် အကွေ့အကောက် အဝင်အထွက်များ၏။ တောင်ဘက်တွင်မူ ကမ်းရိုးသည် ဖြောင့်၏။ မော်လတာကျွန်းသည် ငယ်ပင်ငယ်သော်လည်း ချက်ကောင်းနေရာတွင် တည်ရှိသဖြင့် အရေးပါအရာရောက် သော ကျွန်းဖြစ်၏။ မော်လတာကျွန်း၏ မြို့တော်မှာ ဗလက် တာမြို့ဖြစ်၏။ ဗလက်တာမြို့သည် အလွန်ကောင်းမွန်သော ဆိပ်ကမ်းမြို့ဖြစ်၍ မြေထဲပင်လယ်ထဲ၌ သွားလာဝင်ထွက်သော သင်္ဘောများကျောက်မီးသွေးဖြည့်ရာ စခန်းဖြစ်သည်။ ထိုပြင် တဝ မော်လတာကျွန်းသည် မြေထဲပင်လယ်ရှိ ဗြိတိသျှရေတပ်၏ ဌာနချုပ်ဖြစ်ကာ ဗြိတိသျှတို့ အလွန်အားထားရသော ကျွန်း ဖြစ်သည်။ ထိုကြောင့် ပထမကမ္ဘာစစ်အတွင်းက မော်လတာ ကျွန်းသည် ဗြိတိသျှ တို့၏ အရေးပါသော ရေတပ် တပ်စခန်း ဖြစ်ခဲ့၍၊ ဒုတိယ ကမ္ဘာစစ်အတွင်းကလည်း ရန်သူတို့၏ ဗုံးဒဏ်ကို အလူးအလဲ ခံခဲ့ရရာ၊ လေကြောင်းမှ အကြိမ်ပေါင်း [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads