မျိုးချစ်ပါတီ

From Wikipedia, the free encyclopedia

Remove ads

ဦးစော သည် ၂၁ ဦး ဦးဘဖေ နဲ့ ဆယ်သွယ်မိပြီး ဦးဘဖေ ဦးဆောင်တဲ့ ပြည်သူပြည်သား အဖွဲ့ ထဲပါဝင်ခဲ့ပြီး ၁၉၃၆ ခုနှစ်၊ ရွေးကောက်ပွဲမှာ ငါးပွင့်ဆိုင် အဖြစ် အရွေးခံခဲ့ပါတယ်။ အမတ်အဖြစ် ရွေးကောက်ခံရပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဦးစော ဟာ ပြည်သူပြည်သား အဖွဲ့ တဖြစ်လဲ ငါးပွင့်ဆိုင် အဖွဲ့ က ခွဲထွက်ပြီး မျိုးချစ်ပါတီ ကို တည်ထောင် ခဲ့သည်။

တို့ဗမာအစည်းအရုံးကြီး က ဗမာ့လက်ရုံးတပ်ဒေါက်တာဘမော် ရဲ့ ဆင်းရဲသား ပါတီ က ဓားမတပ် ဖွဲ့စည်း ထားပြီး ရှိသလို ဦးစော ရဲ့ မျိုးချစ်ပါတီ ကလည်း လယ်သမား သူပုန်ကြီး ဆရာစံရဲ့ ပေါ်ထွန်း ခဲ့ ဖူးပြီး ဂဠုန်တပ် နာမည်ကို တုပယူပြီး ဂဠုန်တပ် ဆိုတာကို ဖွဲ့စည်းခဲ့ပါတယ်။ ဆရာစံ ရဲ့ ဂဠုန်တပ် မျိုးနဲ့ အနှစ်သာရ ရော ပုံသဏ္ဍန်ပါ လုံးဝမတူညီဘဲ လက်ကိုင်တုတ်တပ် အဖြစ် ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။ ဂဠုန်တပ် ဖွဲ့စည်းခဲ့တဲ့အတွက် ဂဠုန်ဦးစော လို့လည်း ခေါ်ဝေါ် ခဲ့ကြပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံကြီးရဲ့ အကျိုးဆက်ကြောင့် ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျပြီး ဦးပု အစိုးရ တက်လာတဲ့အခါ မျိုးချစ်ပါတီ ခေါင်းဆောင် ဦးစော ဟာ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဝန်ကြီး ဖြစ်လာပါတယ်။ ၇-၉၊ ၁၉၄၀ မှာ ဦးဘဖေ ခေါင်းဆောင်ပြီး ဦးပုအစိုးရကို အယုံအကြည် မရှိ အဆိုတင်တဲ့အခါ ဦးစောရဲ့ မျိုးချစ်ပါတီဟာ အတိုက်အခံ များနဲ့ပေါင်းလိုက်တဲ့အတွက် ဦးပုအစိုးရ ပြုတ်ကျခဲ့သည်။ ဘုရင်ခံ က ၉-၉-၁၉၄၀ မှာ ဦးစောကို အစိုးရ အဖွဲ့ခိုင်းတဲ့ အတွက် မျိုးချစ်ပါတီခေါင်းဆောင် ဦးစောက လူနည်းစု အဖွဲ့အစည်းများ ရဲ့ ထောက်ခံမှုနဲ့ ဦးစောအစိုးရ ဆိုတာ ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဦးစော ရဲ့ မျိုးချစ်ပါတီ သည် ရာထူး အာဏာ အတွက် ရည်စူး ဖွဲ့စည်း ထားတဲ့ ပါတီ ပီပီ လူထုထောက်ခံမှု မရခဲ့သလို လူထုအကျိုး ကိုလည်း ဘာတခုမှ လုပ်ဆောင်မပေးနိုင်ခဲ့ပါ။

Remove ads

ကိုးကား

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads