မျိုးဆက်သစ်လူငယ်များ အစည်းအရုံး
From Wikipedia, the free encyclopedia
Remove ads
GW သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့ပြီး လူငယ်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံတွင် အတိုက်အခံလှုပ်ရှားမှုကို အရေးယူနိုင်သော ဥပဒေများ ပြဋ္ဌာန်းထားရာ အဖွဲ့အစည်းဖွဲ့လျှင် အစိုးရထံ မှတ်ပုံတင်ခွင့်ပြုချက်တောင်းယူရသည်။ သို့သော် အာဏာပိုင်များကိုယ်တိုင်ဦးစီးလုပ်ဆောင်သော အဖွဲ့အစည်းများကလွဲလျှင် ပုဂ္ဂလိကနှင့် လူထုအခြေခံအဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။
စစ်အစိုးရဆန်ဆန့်ကျင်သည့် တေးသီချင်းများ GW က သီဆိုဖြန့်ဝေခဲ့ရာတွင် လျှို့ဝှက်အဖွဲ့အမည် Freedomfighter နှင့် တွဲဖက်လုပ်ဆောင်ခဲ့သည့် နိုးထကြလော့ အိုမြန်မာ"၊ မေလက ဆန္ဒခံယူပွဲအား ကန့်ကွက်ဆန္ဒမဲ ပေးရန် မြန်မာလူထုအား လှုံ့ဆော်သည့် NO NO NO သီချင်းတို့ ပါဝင်သည်။ ကိုဇေယျာသော်သည် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave - GW) မှ အဖွဲ့ဝင်တဦးဟုဖြစ်သည်ဟု အဖွဲ့က ကြေညာထားသည်။GW အဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads