မျိုးရိုးဗီဇ

From Wikipedia, the free encyclopedia

မျိုးရိုးဗီဇ
Remove ads

Gene (မျိုးရိုးဗီဇ) သည် သက်ရှိ တို့၏ မျိုးရိုးလိုက်ရာ အခြေခံ အရာဖြစ်သည်။ မိုလီကျူလာ ဇီဝဗေဒ ပေါ်လာသောအခါ ခေတ်နောက်ကျသွားပြီဖြစ်သော မျိုးရိုးဗီဇပညာ ထင်သကဲ့သို့ မရှုပ်ထွေးလှပဲ အားလုံးသော သက်ရှိတို့မှာ ဒီအန်အေ ကသာ မျိုးဆက်သစ်တို့ကို ဗီဇ (trait) ပေးသည်။ လူအများခေါ်ခေါ်နေကြသော ဂျီး မှာ သိပ္ပံသမားတို့က အယ်လ်လီးလ် (allele) ဟု ခေါ်သည်။

Thumb
ဤသရုပ်ပြပုံတွင် နှစ်ပင်လိမ် ဒီအန်အေ တည်ဆောက်ပုံ အတွင်းရှိ ဂျီးကို ဖော်ပြထားသည်။ ယူကာရုတ် များတွင် splicing နည်းစဉ်တွင် ဖြတ်ပလိုက်သော Intron များကို ပရိုတိန်း ထုတ်သော အခါတွင်သုံးသော exonများ အကြား တွေ့ရလေ့ရှိသည်။ ဤပုံတွင် ၎င်းအကျယ်အဝိုင်းကို အစုံ ၄၀ လောက် သာဖော်ပြထားသော်လည်း အမှန်တွင်မှု ၎င်းထက် အဆပေါင်း ရာချီသည်။
Remove ads

မန်ဒယ် ၏ မျိုးဆက်ပြန့်ပွားခြင်း နှင့် ရှေးရိုး မျိုးရိုးဗီဇဗေဒ

ချားလ်စ်ဒါဝင် သည် မျိုးဆက်ပြန့်ပွားခြင်း ကို ရှင်းပြရာတွင် အခြေခံ ယူနစ်ကို Gemmule ဟုခေါ်တွင်ခဲ့ပြီး ၎င်းသည် နောက်ပိုင်းတွင် ဆဲလ်ကွဲရာတွင် ပွားသော ခရိုမိုဆုန်း အဖြစ် ၁၈၄၈ ခုတွင် သိရှိခဲ့သည်။ Wilhelm Roux က ၁၈၈၃ ခုနှစ်တွင် ခရိုမိုဆုန်း ကို မျိုးဆက်ပြန့်ပွားစေရာ တစ်ခုအဖြစ် တင်ပြခဲ့သည်။ ယခုခတ်တွင် နားလည်ထားသော ဂျီး၏အဓိပ္ပာယ်မှာ ၁၉ ရာစုတွင် အော်ဂတ်စတင် ဖုန်းတော်ကြီး ဖြစ်သော ဂရီဂါ မန်ဒယ် က ပဲပင်များ မျိုးဆက်ပြန့်ပွားမှုကို လေ့လာရာမှ စနစ်တကျ ဖြစ်ပေါ်လာခဲ့သည်။ မန်ဒယ် ဖော်ပြသည်မှာ particulate inheritance ခေါ် မိဘမျိုးဆက် မှ မျိုးဆက်သစ်ဆီသို့ မျိုးရိုးဗီဇကူးရာတွင် မြင်သာသော တိကျသည့် အခြေခံ မျိုးရိုးဗီဇ ယူနစ်ဖြင့် ဖော်ပြနိူင်သော သီအိုရီ ဖြစ်သည်။ နောက်ပိုင်းတွင် ဒင်နစ်လူမျိုး ရုပ်ခဗေဒ ပညာရှင် Wilhelm Johannsen က ၎င်းအခြေခံ မျိုးရိုးဗီဇ ယူနစ် ကို ဂျီးဟု ခေါ်ခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads