မြင့်ဆန်းအောင်

From Wikipedia, the free encyclopedia

Remove ads

မောင်မြင့်ဆန်းအောင် (Alexander Aris Myint San Aung)သည် ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ် အဲရစ် တို့၏ သားဦးဖြစ်သည်။

ငယ်စဉ်ဘဝ

မြင့်ဆန်းအောင်ကို မိဘဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ်လ်အဲရစ်တို့မှ လန်ဒန်မြို့၌ ၁၂ ဧပြီ ၁၉၇၃ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။

ပညာရေး

မြင့်ဆန်းအောင်သည် သူ၏ ပညာရေးကို နေအိမ်ရှိရာ အောက်စ်ဖိုဒ်မြို့ရှိ ပုဂ္ဂလိက ကျောင်းနှစ်ခုဖြစ်သည့်၊ အင်္ဂလန်တောင်ပိုင်းရှိ၊ နဂါးကျောင်း နှင့် မဂ်ဒါလန် ကောလိပ်ကျောင်းတွင် တက်ရောက်ခဲ့ပြီး၊ တက္ကသိုလ်ပညာရပ်များကို အမေရိကန်တွင် ဆက်လက်စည်းပူးခဲ့သည်။ တက်ရောက်ခဲ့သည်။

မိခင်နေအိမ်အကျယ်ချုပ် ကျခံရပြီးနောက်ပိုင်း

၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံစစ်အစိုးရမှ မြင့်ဆန်းအောင် နှင့် ညီဖြစ်သူ မောင်ထိန်လင်းတို့၏ မြန်မာနိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံရသည်။ []

၁၉၉၁ ခုနှစ်တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သော်လည်း၊ နေအိမ်အကျယ်ချုပ်ကြောင့် လူကိုယ်တိုင်တက်ရောက်ရယူနိုင်ခြင်းမရှိခဲ့ဘဲ၊ သားဖြစ်သူ မောင်မြင့်ဆန်းအောင်(၁၈ နှစ်) နှင့် မောင်ထိန်လင်း(၁၄ နှစ်)တို့မှ မိခင်ဖြစ်သူ ကိုယ်စား တက်ရောက်ရယူခဲ့သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆု၏ ဆုကြေးဖြစ်သည့် အမေရိကန်ဒေါ်လာ ၁.၃ သန်းကို မြန်မာလူမျိုးများအတွက် ပညာရေး နှင့် ကျန်းမာရေး(ကဏ္ဍ)များတွင် အသုံးပြုနိုင်ရန် ရန်ပုံငွေ မတည်ထူထောင်ခဲ့သည်။[] မိခင်ဖြစ်သူ တက်ရောက်မရယူနိုင်ခဲ့သည့် ဆုများရှိ တချို့ကို မောင်မြင့်ဆန်းအောင်မှ တက်ရောက်ရယူခဲ့သည်များတွင်၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအဖွဲ့၏ဆု၊ အိုလံပစ်မီးရှုးတိုင်အား စပိန်နိုင်ငံသို့ ရောက်ရှိလာရာတွင် ကြိုဆိုခဲ့ခြင်း နှင့်[] လွတ်လပ်ရေးသမ္မတဆု အားသွားရောက်တက်ယူခဲ့သည်များရှိခဲ့သည်။[]

၁၉၉၉ ခုနှစ်တွင် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်းတွင်၊ မောင်မြင့်ဆန်းအောင်သည် မိခင်ဖြစ်သူရှိရာ မြန်မာနိုင်ငံသို့ သွားရောက်တွေ့ဆုံခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads