ဝိသုဒ္ဓ ရောမ ဧကရာဇ်နိုင်ငံ

From Wikipedia, the free encyclopedia

ဝိသုဒ္ဓ ရောမ ဧကရာဇ်နိုင်ငံ
Remove ads

ဝိသုဒ္ဓ ရောမ ဧကရာဇ်နိုင်ငံ[မှတ်စု ၁] (၁၅၁၂ ခုနှစ်နှောင်းပိုင်း ဂျာမန်ပြည်၏ မြင့်မြတ်သော ရောမအင်ပါယာဟုလည်း သိထား) သည် မြင့်မြတ်သော ရောမအင်ပါယာသခင်မှ[၁၅] အုပ်ချုပ်သော ဗဟိုဥရောပနှင့် အနောက်ပိုင်းဥရောပရှိ တိုင်းပြည်တခုဖြစ်သည်။ ယင်းအင်ပါယာသည် အလယ်ခေတ်အစောပိုင်းတွင် အစပြုခဲ့ပြီး နပိုလီယန်နှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲများကာလ ၁၈၀၆ ခုနှစ် မတိုင်ခင်ထိ နှစ်ပေါင်း ၁၀၀၀ ခန့် အနည်းဆုံး အဓွန့်ရှည်ခဲ့သည်။

အချက်တိုများ လက်ရှိအခြေအနေ, မြို့တော် ...

၈၀၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် တတိယမြောက် ပုဒ်ရဟန်းမင်းကြီး လီယို (Pope Leo III) က ရှာလမိန်းအား ရောမအင်ပါယာသခင်အဖြစ် သရဖူဆောင်းပေးခဲ့ပြီး[၁၆] ၄၇၆ ခုနှစ် ရှေးခေတ်အနောက်ရောမအင်ပါယာ မကျရှုံးခင်ထိ ရာစုနှစ်သုံးခုထက်မက အဓွန့်ရှည်ခဲ့သည်။

၉၆၂ ခုနှစ်မှ ၁၂ ရာစုနှစ်မတိုင်ခင်ထိ အင်ပါယာသည် ဥရောပတွင် ဩဇာအာဏာ အရှိဆုံး မင်းဆက်များထဲမှ တခုအပါဝင်ဖြစ်ခဲ့သည်။ အင်ပါယာ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုသည် အင်ပါယာသခင်နှင့် အုပ်ချုပ်ခံလူတန်းစားတို့၏ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် မူတည်ခဲ့သည်။[၁၇] အင်ပါယာ၏ နယ်မြေချဲထွင်မှုသည် ၁၃ ရာစုအလယ်ပိုင်းတွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သော်လည်း အာဏာ တပိုင်းတစ ပြိုကွဲမှုသို့ ရောက်ရှိခဲ့သည်။[၁၈][၁၉]


Remove ads

မှတ်စု

  1. (လက်တင်: Sacrum Romanum Imperium; ဂျာမန်: Heiliges Römisches Reich, အသံထွက်: [ˈhaɪlɪɡəs ˈʁøːmɪʃəs ˈʁaɪç] ( ))

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads