အော့တို ၁
From Wikipedia, the free encyclopedia
Remove ads
ရောမ သာသနာစောင့်နိုင်ငံတော်ကို အော့တိုးဘွဲ့ခံ ဧကရာဇ်လေးပါး အုပ်စိုးခဲ့သည်။ ပထမအော့တိုးဘုရင်သည် ခရစ် ၉၃၆ ခုနှစ်တွင် ဂျာမနီထီးနန်းကို ခမည်းတော်ထံမှ ဆက်ခံ စိုးစံသည်။ အော့တိုး-သ-ဂရိတ် ဟူသောဘွဲ့အမည်ဖြင့် ခေါ် တွင်၍ ရောမသာသနာစောင့်နိုင်ငံတော်၏ ဧကရာဇ်အဖြစ် ပထမဆုံးအုပ်စိုးရသော ဂျာမန်ဘုရင်ဖြစ်သည်။ ပထမအော့တိုး ဘုရင်လက်ထက်တွင် မိမိ၏အာဏာကို တော်လှန်ပုန်ကန်ကြ သော ဂျာမန်နယ်စား မင်းသားတို့အား အောင်မြင်စွာနှိမ်နင်း ခဲ့သည်။ ဟန်ဂေရီနိုင်ငံမှ မက်ဂျာလူမျိုးတို့ကလည်း ဂျာမနီ နိုင်ငံကို ကျူးကျော်တိုက်ခိုက်ကြသည်။ အော့တိုးဘုရင်သည် ၉၅၅ ခုနှစ်တွင် ဗားဗေးရီးယားနိုင်ငံ၊ လက်ချဖဲ တိုက်ပွဲ၌ မက်ဂျာတို့ကို အောင်မြင်ခဲ့လေသည်။
၉၆၂ ခုနှစ်တွင် အော့တိုးဘုရင်သည် အီတလီနိုင်ငံကို သိမ်းယူပြီးလျှင် ရောမသာသနာစောင့် နိုင်ငံတော်အဖြစ် ပြန်လည်တည်ထောင်၍ ဧကရာဇ်ဘွဲ့ကိုခံယူလေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads