မြတ်ဖုရားက​လေး

ထိပ်စုမြတ်ဘုရားကလေး From Wikipedia, the free encyclopedia

မြတ်ဖုရားက​လေး
Remove ads

မြတ်ဖုရားက​လေး (၁၈၈၇- ၁၉၃၆) သည် မြန်မာတော်ဝင်မင်းသမီး ဖြစ်သည်။ အရှင်ထိပ်စုမြတ်ဖုရားလေး ဟုလည်း ခေါ်ကြသည်။ ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် နောက်ဆုံး ဖြစ်သော မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရားခေါင် စုဖုရားလတ်တို့၏ စတုတ္ထသမီးတော် ဖြစ်သည်။[]

အချက်တိုများ မြတ်ဖုရားက​လေး, မွေးဖွား ...
Remove ads

ကိုယ်ရေးအကျဉ်း

အိန္ဒိယနိုင်ငံ ရတနာဂီရိ ၌ ခရစ်နှစ် ၁၈၈၇ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင်မွေးဖွားခဲ့သည်။ မွေးချင်းများမှာ မြတ်ဖုရားကြီးမြတ်ဖုရားလတ်မြတ်ဖုရား တို့ ဖြစ်သည်။ မင်းသမီးလေးသည် အင်္ဂလိပ်လိုအထူးကျွမ်းကျင်၍ တော်ဝင်မိသားစု၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ဆောင်ရွက်ခဲ့သည်။ သီပေါမင်းတရားသည် သက်တော် ၅၉ နှစ်၌ ရတနာဂီရိစံအိမ်တော်တွင် နတ်ရွာစံသဖြင့် အလောင်းတော်ကို ထိုမြို့၌ပင်သင်္ဂြိုဟ်လေသည်။ သူမသည် ၁၉၁၅ခုနှစ်တွင် ရတနာဂီရိမှ မြန်မာပြည်ကိုပြန်ပြီးလျှင် ၁၉၃၂ ခုနှစ်တွင်မော်လမြိုင်မြို့တွင်နေထိုင်ခဲ့သည်။

အင်္ဂလိပ်ဘာသာဖြင့် "စတုတ္ထသမီးတော်အရေးတော်ပုံစာတမ်း" ကိုရေးသား၍ မြန်မာပြည်ကိုပြန်ပေးရန် တောင်းဆိုခြင်းကြောင့် ဗြိတိသျှတို့က "သူပုန်မင်းသမီး" ဟုခေါ်ခဲ့သည်။[] ခရစ်နှစ် ၁၉၂၀ ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ဦးကိုကိုနိုင် နှင့်လက်ဆက်ခဲ့သည်။ သူမသည် ၁၉၃၆ မတ်လ ၃ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ သူမ၏စံအိမ်တော်၌ပင် ကံတော်ကုန်ခဲ့သည်။ စတုတ္တသမီးတော်၏ ပြာသာဒ်ဂူသည် မော်လမြိုင် ကျိုက်သံလန်စေတီ အနီးတွင်တည်ရှိသည်။

Remove ads

မိသားစု

သား​တော် ၄​ပါး၊သမီး​တော် ၂ပါးရှိသည်။[]

တော်ဘုရားကြီး

ထိပ်စုဖုရားကြီး

တော်ဘုရား

တော်ဘုရားငယ်

တော်ဘုရားလေး အောင်ဇေ

ထိပ်စုဖုရား​ထွေး တို့ ဖြစ်သည်။

ဓာတ်ပုံများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads