မြထွန်းဦး

မြန်မာတပ်မတော်ဗိုလ်ချုပ်ကြီး၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး From Wikipedia, the free encyclopedia

မြထွန်းဦး
Remove ads

ဗိုလ်ချုပ်ကြီး စည်သူ[] မြထွန်းဦးသည် ၂၀၂၁ အိမ်စောင့်အစိုးရတွင် ဒုတိယဝန်ကြီးချုပ်[]နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။[] သူသည် ကာကွယ်​ရေးဝန်ကြီး အဖြစ်လည်း   ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူမှု အပြီးမှ ၂၀၂၃ ဩဂုတ် ၃ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[]

အချက်တိုများ ဗိုလ်ချုပ်ကြီး စည်သူ မြထွန်းဦး, မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် ...
Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

၁၉၆၁ ခုနှစ် မေလ ၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။[] ၁၉၈၀ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။[]

တာဝန်ထမ်းဆောင်ခြင်း

တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံးနှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့များ ဖျက်သိမ်းပြီးနောက်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးကွန်ယက် ပြန်လည်ထူထောင်ချိန်တွင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတွင် စစ်ဦးစီးမှူး(ပထမတန်း)တာဝန်ကို ထမ်းဆောင်ခဲ့ဘူးသည်။ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် နှင့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ကြည်း​ရေ​လေ ညှိနှိုင်းကွပ်ကဲ​ရေးမှူး(ကြည်း/ ရေ / လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။[][] ထို့နောက် အနောက်နိုင်ငံအစိုးရများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် အစ္စရေးထောက်လှမ်းရေးဟောင်း လော်ဘီကုမ္ပဏီကို ငှားရမ်းရာ၌ ဦးဆောင်ခဲ့သူဟု ဆိုကြသည်။[]

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။

၂၀၂၃ စက်တင်ဘာ ၁၈ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်ယူခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်များအား လွဲပြောင်းကာ တာဝန်ထမ်းဆောင်သည်။[]

Remove ads

ပုဂ္ဂိုလ်ရေးဘဝ

သူ၏ ဇနီးဖြစ်သူ အမည်မှာ ဒေါ်သက်သက်အောင် ဖြစ်သည်။[၁၀][၁၁]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads