မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

From Wikipedia, the free encyclopedia

Remove ads

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) ကို ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက် တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ ကွန်ပျူတာဖွံ့ဖြိုးရေး ဥပဒေ[] အရ မြန်မာနိုင်ငံ ကွန်ပျူတာဖွံ့ဖြိုးရေးကောင်စီ အောက်တွင် ဖော်ပြပါအသင်းများဖြင့်စတင် ဖွဲ့စည်းခဲ့သည်။ မြန်မာပြည်သူများ အင်တာနက် အသုံးပြုခွင့် ရရှိစေရန် ဤအသင်းမှ ပညာရှင် လုပ်ငန်းရှင်များက ဦးဆောင်ကြိုးပမ်းခဲ့ခြင်းကြောင့် အများလေးစားခြင်းခံရသည့် အစိုးရမဟုတ်သော၊[] အကျိုးအမြတ်မယူသော နည်းပညာအသင်းကြီး တစ်ခု ဖြစ်သည်။[]

Remove ads

ဖွဲ့စည်းပုံ

အောက်ပါ အသင်း ၃ သင်းမှ ရွေးချယ်တင်မြှောက် ခံရသော ကိုယ်စားလှယ်များဖြင့် အချိုးညီစွာ အသင်းချုပ်ကို ဖွဲ့စည်းထားသည်။ Myanmar ICT Park တွင် ရုံးစိုက်ထားပြီး၊ ယင်းကဲ့သို့သော အိုင်တီဖွံ့ဖြိုးမှုဆိုင်ရာ ကြိုးပမ်းမှုများ၊[] အိုင်တီစက်မှုဇုံများ ဖြစ်လာစေရန် ကြိုးပမ်းခဲ့သည့် အသင်းဖြစ်သည်။[] Myanmar ICT Master Plan ကို ကူညီရေးဆွဲခဲ့ခြင်းများလည်း ရှိခဲ့ပြီး၊ နိုင်ငံတကာ အိုင်တီနည်းပညာ ဆိုင်ရာ အသင်းအဖွဲ့များ[] နှင့်လည်း လက်တွဲလုပ်ဆောင်သည့် လှုပ်ရှားမှုလည်း ရှိသည်။[] မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် တွင် ‌အောက်ပါအတိုင်း အသင်း ၃ သင်းပါဝင်သည်။ ပြည်နယ်တိုင်းဒေသကြီး အဆင့် အသင်းခွဲများလည်း ရှိသေးသည်။

  1. မြန်မာ ကွန်ပျူတာ ပညာရှင် အသင်း(MCPA)
  2. မြန်မာ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း(MCIA)
  3. မြန်မာ ကွန်ပျူတာ ဝါသနာရှင် အသင်း (MCEA)

မတူညီသော လုပ်ငန်း‌ဆောင်တာများအတွက် သီးသန့် ကော်မတီများ[] ခွဲပြီး တာဝန်ယူ ဆောင်ရွက်ကြကြောင်း သိရသည်။[]

  1. eGovernment Committee
  2. Digital Economy Committee
  3. Capacity Building Committee
  4. Public relation, international relations, trade & investment facilitation
  5. Legal advocacy & Standardization Committee
  6. Administration & Finance Committee
Remove ads

ပြင်ပလင့်များ

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads