မြန်မာဝီကီပီးဒီးယား
မြန်မာဘာသာစကား အခမဲ့စွယ်စုံကျမ်း ဝီကီပီးဒီးယား From Wikipedia, the free encyclopedia
Remove ads
မြန်မာဝီကီပီးဒီးယား သည် ဝီကီပီးဒီးယား၏ မြန်မာဘာသာ အင်တာနက် စွယ်စုံကျမ်းတစ်ခု ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်း အသစ် တည်းဖြတ်ပုံနှိပ်မှုမလုပ်နိုင်မီ ဝါသနာရှင်များက မြန်မာဝီကီပီးဒီးယား ကို ဝီကီပီးဒီးယားတွင် စတင်ခဲ့သည်။ မူလက ယူနီကုဒ် (၄.၀) ဖြင့် စတင်သော်လည်း နောက်ပိုင်းတွင် ယူနီကုတ်ဖောင့် ၅.၂ ဖြင့် ဆောင်းပါးပေါင်း ၁၀၉၀၀၈ စောင်ကို (မေ ၂၀၂၅ အထိ) ထည့်သွင်းထားပြီးဖြစ်သည်။
Remove ads
သမိုင်းကြောင်း
အချိန်မှတ်တမ်း
- ၃၀ ဇူလိုင် ၂၀၀၄ - မြန်မာဝီကီပီးဒီးယား စတင်လွှင့်တင်။
- ၂၀၀၅ - မြန်မာဝီကီပီးဒီးယန်းအချို့ စတင်ဝင်ရောက်ကာ ရေးသားတည်းဖြတ်မှုများ စတင်။
- ၂၀၀၈ - အကြောင်းအရာများ သိသိသာသာ တိုးတက်လာ။
- ၂၀၁၀ - ပထမအကြိမ် မြန်မာဝီကီပီးဒီးယား အလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ပြီး၊ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှာ ယူနီကုဒ်ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာဝီကီပီးဒီးယန်းများ တက်ရောက်ခဲ့သည်။
- ၂၀၁၂ - ဘားကမ့်ရန်ကုန်တွင် မြန်မာဝီကီပီးဒီးယားကို မိတ်ဆက်ခဲ့သည်။
- ၁၁ ဧပြီ ၂၀၁၆ – မြန်မာဝီကီပီးဒီးယားတွင် စာမျက်နှာ တည်းဖြတ်မှုပေါင်း ၃၀၀,၀၀၀ ပြည့်ခဲ့သည်။
- ၂၇ အောက်တိုဘာ ၂၀၂၀ – မြန်မာဝီကီပီးဒီးယားတွင် ဆောင်းပါးပေါင်း ၅၀,၀၀၀ ပြည့်ခဲ့သည်။
- ဇန်နဝါရီ ၂၀၂၁ – မြန်မာဝီကီပီးဒီးယားတွင် ဆောင်းပါးပေါင်း ၁၀၀,၀၀၀ ပြည့်ခဲ့သည်။
Remove ads
အချက်အလက်များ
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads