မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာန

From Wikipedia, the free encyclopedia

Remove ads

မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာနသည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏လက်အောက်ရှိ ဦးစီးဌာန တစ်ခုဖြစ်သည်။

သမိုင်းကြောင်း

မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာနသည် ၁၉၄၇ ခုနှစ်မှ စတင်၍ နိုင်ငံတော် စက်မှုလက်မှုသုတေသနဌာနအား သတ္တုဗေဒသုတေသနဌာန ၊ ဆဲလ်လူးလို့သုတေသနဌာနနှင့် ဓာတုဗေဒ ဓာတ်ခွဲဌာနတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ခုနှစ်တွင် နိုင်ငံတော် စက်မှုလက်မှုသုတေသနဌာနအား တိုးချဲ့ရန်နှင့် ပြန်လည်ဖွဲ့စည်းရန်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့ (Union of Burma Applied Research Institute-UBARI) ဥပဒေအား ရေးဆွဲခဲ့ပြီး (၅-၃-၅၅)ရက်နေ့တွင် ဥပဒေပြဋ္ဌာန်းခဲ့သည်။ UBARI တွင် စက်မှုပညာပြန်ကြားရေးဌာန Technical Information Centre (TIC) နှင့် အဏုမြူစွမ်းအင်ဌာန Atomic Energy Centre (AEC) တို့အား တိုးချဲ့ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။ ၁၉၇၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ လက်တွေ့သုတေသနဌာနအား ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ Central Research Organization (CRO) အဖြစ်သို့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့တွင် ပေါ်လီမာသုတေသနဌာနအား တိုးချဲ့ပေါင်းစပ် ဖွဲ့စည်းခဲ့သည်။

၁၉၉၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေအား ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၄ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့ ဥပဒေအား ဤဥပဒေဖြင့် ရုပ်သိမ်းခဲ့ကာ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့အား မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာနအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၂ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအား ဖွဲ့စည်းခဲ့ရာ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာနသည် ထိုအချိန်က သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တစ်ခုတည်းသော ဦးစီးဌာန ဖြစ်ခဲ့သည်။ []

Remove ads

ဖွဲ့စည်းပုံ

မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာနသည် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန (၁၀)ခု၊ ဝန်ဆောင်မှုနှင့် သုတေသနအထောက်အကူပြုဌာန(၆)ခုတို့ဖြင့် ဖွဲ့စည်းထားသည်။

  • သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနများ
  1. ကြွေထည်မြေထည်သုတေသနဌာန
  2. ပရဆေးသုတေသနဌာန
  3. ပေါ်လီမာသုတေသနဌာန
  4. ပျော့ဖတ်နှင့်စက္ကူသုတေသနဌာန
  5. ရူပဗေဒနှင့်အင်ဂျင်နီယာသုတေသနဌာန
  6. ရှေ့ပြေးစမ်းသပ်စက်ရုံသုတေသနဌာန
  7. လက်တွေ့ဓာတုဗေဒသုတေသနဌာန
  8. သတ္တုဗေဒသုတေသနဌာန
  9. အစာအာဟာရသုတေသနဌာန
  10. စမ်းသပ်စက်ရုံစု(မှော်ဘီ)
  • သုတေသနအထောက်အကူပြုဌာန
  1. စံသတ်မှတ်ရေးဌာန
  2. စက်မှုပညာပြန်ကြားရေးဌာန
  3. စက်မှုအလုပ်ရုံဌာန
  4. ဓာတ်ခွဲဌာန
  5. အနုစိပ်စက်ကိရိယာဌာန
  6. စီမံခန့်ခွဲရေးဌာန
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads