မြေပဒေသာကျွန်း
From Wikipedia, the free encyclopedia
Remove ads
မြေပဒေသာကျွန်းသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကန်တော်ကြီးအတွင်းရှိ ကျွန်းတစ်ကျွန်းဖြစ်သည်။
ကန်တော်ကြီး အတွင်းရှိ ဤမြေနေရာကို မြေပဒေသာဟူ၍ ခေါ်ဆိုခြင်း မပြုမီက မြင်းစီးကျွန်း[n ၁]ဟူ၍ ခေါ်ကြသည်။ ဖဆပလခေတ်တွင် ထိုကျွန်းပေါ်၌ ကျူးကျော်အိုးအိမ်များနှင့် ပြည့်လျက် မြို့အင်္ဂါနှင့် မညီဖြစ်ခဲ့ရသည်။
၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် ၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့နေ ပြည်သူများ စိုက်ပျိုးရေးကို ဝါသနာပါစေရန်၊ ဤကျွန်းသို့ အပန်းဖြေလည်ပတ်ကြရင်း စားပင်သီးပင်၊ ဟင်းသီးဟင်းရွက်မျိုးစုံကို ကြည့်ရှုလေ့လာ ဗဟုသုတရကြစေရန်၊ ပြည်သူများ မျက်စိပသာဒဖြစ်စေမည့် ပန်းပင်များကို စနစ်တကျစိုက်ပျိုးရန်စသော ရည်ရွယ်ချက်များဖြင့် မြင်းစီးကျွန်းကို မြေပဒေသာကျွန်းဟု အမည်ပြောင်း၍ စိုက်ပျိုးရေးပညာပေးပြကွင်းကြီးအဖြစ် စတင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
၁၉၆၃ မတ်လ တော်လှန်ရေးနေ့တွင် ပြည်သူများကို ဆွဲဆောင်သောအနေဖြင့် ပထမဆုံး သစ်သီးဝလံပြပွဲကြီးကို မြေပဒေသာကျွန်းတွင် ကျင်းပခဲ့သည်။ ၁၉၆၄ တွင် စိုက်ပျိုးသူများအသင်းကို ကျယ်ပြန့်စွာ ဖွင့်လှစ်၍ ဝါသနာပါသူတို့ကို အသင်းဝင်စေပြီး မြေပဒေသာကျွန်းတွင် စိုက်ပျိုးရေးပညာသင်တန်းများပေးခြင်းနှင့် လက်တွေ့စမ်းသပ်စိုက်ပျိုးကြခြင်းများကို စတင်ဆောင်ရွက်ခဲ့ကြသည်။
၁၉၆၆ ဇန်နဝါရီလ ၁၁ရက်နေ့တွင် စိုက်ပျိုးရေးသမိုင်းပြတိုက်ကို ဖွင့်လှစ်ခဲ့သည်။ နှစ်စဉ် တော်လှန်ရေးနေ့တိုင်းတွင် သစ်သီးဝလံပြိုင်ပွဲများ၊ ပန်းအလှပြုပြင်ပြိုင်ပွဲများ ကျင်းပခဲ့သည်။[၁]
Remove ads
မှတ်စုများ
- ကိုလိုနီခေတ်က သူဌေးများ ၎င်းတို့မွေးထားသော မြင်းကြီးများကို အလှပြစီးရင်း လေညှင်းခံကြသောနေရာ ဖြစ်သောကြောင့်ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads