မြေမြှုပ်မိုင်း
ပေါက်ကွဲပစ္စည်း From Wikipedia, the free encyclopedia
Remove ads
မြေမြှုပ်မိုင်း(Land mine) ဆိုသည်မှာ ပုံသွင်းထားသည့် ယမ်းဘီလူး၊ သို့မဟုတ် အခြားပေါက်ကွဲစေနိုင်သည့် အရာတစ်ခုအား ပေါက်ကွဲမှု အဆင့်ဆင့်ဖြင့် ပေါက်ကွဲစေရန် ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်။ မိုင်းတစ်လုံးအား လူနှင့်ယာဉ်တို့၏ အစပျိုးမှုဖြင့်၎င်း၊ ကြီးကြပ်ဖောက်ခွဲမှုဖြင့်၎င်း၊ အချိန်ကိုက်စနစ်ဖြင့်၎င်း၊ အဝေးထိန်း စနစ်ဖြင့်၎င်း၊ ပေါက်ကွဲစေရန် ပြုလုပ်ထားပြီး လူများကို ထိခိုက်ဒဏ်ရာ ရသည်မှ သေစေသည်အထိ၎င်း တင်းများ၊ သံချပ်ကာယာဉ်များ အပါအဝင် ယာဉ်များကို ရပ်တန့်စေသည်မှ ပျက်စီးသည်အထိ၎င်း ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် ပစ္စည်းတစ်ခုဖြစ်သည်။
Remove ads
ပါဝင်သည့် အစိတ်အပိုင်းများ
မိုင်းတစ်လုံးတွင် သာမန်အားဖြင့် အောက်ပါအစိတ်အပိုင်း ငါးခုပါဝင်သည်။
- စနက် (Fuse)
- စနက်တံ (Detonator)
- အားမြှင့်ယမ်း (Booster)
- ပင်မယမ်း (Main Charge)
- မိုင်းကိုယ်ထည်(Body)
မှတ်ချက်။ ။ ပင်မယမ်းကို ယမ်းဘီလူး၊ ဓာတ်ငွေ့၊ လောင်စာရည်၊ လောင်စာဆီ စသည့် ပစ္စည်းများနှင့် ပြုလုပ်ကြသည်။
မိုင်း ပေါက်ကွဲပုံအဆင့်ဆင့်
- ယာဉ် သို့မဟုတ် လူတို့၏ အစပျိုးမှုကြောင့် စနက်ကို ရိုက်ခတ်သည်။
- စနက်အား ရိုက်ခတ်မှုကြောင့် စနက်မှ မီးပွင့်နှင့် လှန့်အား ထွက်လာသည်။
- မီးပွင့်နှင့် လှန့်အားသည် စနက်တံကို ပေါက်ကွဲစေသည်။
- အားမြှင့်ယမ်း၏ ပေါက်ကွဲအားကြောင့် ပင်မယမ်း အုံသည် အရှိန်ပြင်းစွာဖြင့် ပေါက်ကွဲပြီး မိုင်းတစ်လုံးလုံး ပေါက်ကွဲသည်။
မိုင်း အမျိုးအစား
မိုင်းအမျိုးအစား (၄)မျိုးရှိသည်။
- စစ်ဆင်ရေးမိုင်း(
- မိုင်းတု(Phoney Mines)
- လေ့ကျင့်ရေးမိုင်း(Training Mines)
- ရရာပစ္စည်းဖြင့် ပြုလုပ်သောမိုင်း (Improvis)[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads