မြောက်ကာလီမန်တန်ပြည်နယ်
From Wikipedia, the free encyclopedia
Remove ads
မြောက်ကာလီမန်တန်ပြည်နယ်သည် အင်ဒိုနီးရှားနိုင်ငံရှိ ပြည်နယ်တစ်ခုဖြစ်သည်။ ဘော်နီယိုကျွန်းပေါ်ရှိ အင်ဒိုနီးရှားနိုင်ငံပိုင်နက် အတွင်း တည်ရှိသည်။ ၂၀၁၀ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ခန့်မှန်းခြေ ၅၂၅,၀၀၀ ဦးရှိပြီး နောက်ဆုံး ၂၀၁၃ ဒီဇင်ဘာလ တရားဝင် ခန့်မှန်းချက်အရ ၆၂၈,၃၃၁ ဦး ရှိသည်။
မြောက်ကာလီမန်တန်ပြည်နယ်သည် မလေးရှားနိုင်ငံ ဆာဘားပြည်နယ် နှင့် မြောက်ဘက်တွင် လည်းကောင်း ၊ ဆာရာဝပ်ပြည်နယ်နှင့် အနောက်ဘက်တွင်လည်းကောင်း ထိစပ်လျက် ရှိပြီး အင်ဒိုနီးရှားနိုင်ငံ အရှေ့ ကာလီမန်တန်ပြည်နယ် နှင့် တောင်ဘက်တွင် ထိစပ်နေသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့သဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ အသစ်လွင်ဆုံး ပြည်နယ် ဖြစ်သည်။ အကျယ်အဝန်း ၇၂,၂၇၅.၁၂ စတုရန်းကီလိုမီတာ ရှိသည်။ ထိုပြည်နယ်သည် ယခင်က အရှေ့ကာလီမန်တန်ပြည်နယ် အတွင်း ပါဝင်ခဲ့သည်။[၁]
၂၀၁၅ လူဦးရေစာရင်း အရ နိုင်ငံအတွင်း အလျှင်အမြန်ဆုံး တိုးတက်နေသော ပြည်နယ် ဖြစ်ပြီး ယခင် ၅-နှစ်က အတိုးတက်ဆုံး ပြည်နယ်များ ဖြစ်ခဲ့သော ပါပူအာပြည်နယ် နှင့် ရီအောပြည်နယ်တို့အား ကျော်တက်သွားခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads