မြောက်ကိုရီးယားနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ

From Wikipedia, the free encyclopedia

မြောက်ကိုရီးယားနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ
Remove ads

ဂျိုဆောန်ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ(ဂျိုဆောန်: 조선민주주의인민공화국의 행정 구역 朝鮮民主主義人民共和國의 行政 區域)ကို

  1. တိုက်ရိုက်အုပ်ချုပ်မြို့(직할시/直轄市) ၁ မြို့၊
  2. အထူးမြို့(특별시/特別市) ၃ မြို့နှင့်
  3. တိုင်း(도/道) ၉ တိုင်းဖြင့် ဖွဲ့စည်းအုပ်ချုပ်သည်။
Thumb
ဂျိုဆောန်ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ

အခြေခံ အုပ်ချုပ်ရေး နယ်မြေဒေသများတွင် မြို့၊ ခရိုင်နှင့် မြို့နယ်တို့ ပါဝင်ပြီး တိုက်ရိုက်အုပ်ချုပ်မြို့နှင့် အထူးမြို့များ၏ အောက်တွင် မြို့နယ်နှင့် ခရိုင်ဟူ၍ လည်းကောင်း တိုင်း၏ အောက်တွင် မြို့နှင့် ခရိုင်ဟူ၍ လည်းကောင်း ထားရှိသည်။ မြို့၊ ခရိုင်နှင့် မြို့နယ်တို့၏ အောက်အုပ်ချုပ်ရေးနယ်မြေဒေသများတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုကြီး၊ ရွာနှင့် အလုပ်သမားမြို့နယ်များ ပါဝင်ပြီး မြို့နှင့် မြို့နယ်၏ အောက်တွင် ရပ်ကွက်နှင့် ရွာကို လည်းကောင်း၊ ခရိုင်၏ အောက်တွင် ကျေးရွာအုပ်စုကြီး၊ ရွာနှင့် အလုပ်သမားမြို့နယ်များကို လည်းကောင်း ထားရှိသည်။

Thumb
ဒေသန္တရ အုပ်ချုပ်ရေး နယ်မြေဒေသများပြ မြေပုံ

လူဦးရေ ၅သိန်းကျော် ရှိသော ဟမ်းဟုင်းမြို့နှင့် ချောင်းဂျင်းမြို့တို့သည် တိုက်ရိုက်အုပ်ချုပ်မြို့ သို့မဟုတ် အထူးမြို့များ မဟုတ်သော်လည်း မြို့နယ်များ ထားရှိပြီး ဂယ်ဆောင်းမြို့ကို အထူးမြို့အဖြစ် သတ်မှတ်ထားသည်။[]

Remove ads

ပထမအဆင့် အုပ်ချုပ်ရေး နယ်မြေဒေသများ

နောက်ထပ် အချက်အလက်များ ISOကုဒ်, အမည် ...
  • ISOကုဒ် 11နှင့် 12တို့သည် ပျောက်နေသည်။
Remove ads

အခြားရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads