မြောက်ဩစတြေးလျပြည်နယ်

From Wikipedia, the free encyclopedia

Remove ads

မြောက်ဩစတြေးလျပြည်နယ်သည် ဩစတြေးလျ ဓနသဟာယပြည်နယ်များဆိုင်ရာ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်သောနယ်ဖြစ်သည်။ နယ်အကျယ်အဝန်းမှာ ၅၂ဝ,၂၈ဝ စတုရန်းမိုင်ဖြစ်၍ ၂၀၁၄ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၂၄၃,၇ဝဝ ခန့်နေထိုင်သည်။ ထိုလူဦးရေ အနက် ၆၈.၄% မှာ လူဖြူများ ဖြစ်ကြပြီး ၃၂.၅ % မှာ ဩစတြေးလျ တိုင်းဦးသားများ ဖြစ်ကြကာ ကျန် ၁.၉% မှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။

ဩစတြေးလျမြောက်ပိုင်းနယ်သည် များသောအား ဖြင့် အပူပိုင်းဇုန်အတွင်း၌ ကျရောက်လျက် ရှိခြင်းကြောင့် အပူပိုင်းရာသီဥတုမျိုးရှိသည်။ နွေရာသီတွင်မိုးရွာသည်။ တောင် ပိုင်းသည် ကုန်းမြင့်ဒေသဖြစ်၍ ဩစတြေးလျတိုက် အလယ်ပိုင်းသဲကန္တာရ၏ အစိတ်အပိုင်းဖြစ်သောကြောင့် ခြောက်သွေ့သည်။

ဩစတြေးလျမြောက်ပိုင်းနယ်တွင် နွား၊ မြင်း၊ သိုးမွေးမြူခြင်းလုပ်ငန်းသည် အဓိကလုပ်ငန်းဖြစ်သည်။ အခြား ထင်ရှားသောလုပ်ငန်းများမှာ ပုလဲငုပ်ခြင်းနှင့် သတ္တုတူးဖော် ခြင်းတို့ဖြစ်သည်။ ရွှေ၊ သံဖြူ၊ ကြေးနီ၊ ဝူးဖရမ်၊ တန်းတလမ်၊ လချေး၊ ယူရေးနီယမ်၊ ဗောက်ဆိုက် စသောတွင်းထွက်များကို တူးဖော်ရရှိနိုင်သော်လည်း အစာရေစာ၊ ပို့ဆောင်ရေးအခက်အခဲ တို့ကြောင့် သတ်တ္တုတူးဖော်ခြင်းလုပ်ငန်း၌ တိုးတက်မှုနှောင့်နှေး လျက်ရှိလေသည်။ တိရစ္ဆာန်စားကျက်ပေါသော မြောက်ပိုင်း၌ လူအများနေထိုင်ကြသည်။

ဒါဝင်မြို့သည် မြို့တော် ဖြစ်သည်။ နယ်တွင် အကြီးဆုံးသော ဆိပ်ကမ်းမြို့လည်းဖြစ်၊ လေကြောင်းစခန်းမြို့လည်းဖြစ်သည်။

ဩစတြေးလီးယားမြောက်ပိုင်းနယ်ကို ကန်းဗရားမြို့ရှိဗဟိုအစိုးရ၏ ကိုယ်စားလှယ်က အုပ်ချုပ်သည်။ ၁၉၄၇ ခုနှစ် မှစ၍ နယ်သားတို့သည် အဖွဲ့ဝင် ၁၄ ဦးပါဝင်သော ဥပဒေပြု အဖွဲ့သို့ ကိုယ်စားလှယ်ခြောက်ဦး ရွေးကောက်တင်မြှောက်စေလွှတ်ခွင့်ကိုရရှိခဲ့ကြသည်။ ပြည်ထောင်စု ဥပဒေပြုလွှတ်တော် သို့ ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခွင့်ကိုလည်း ရရှိကြသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads