မွန်တီကာလိုမြို့

From Wikipedia, the free encyclopedia

မွန်တီကာလိုမြို့
Remove ads

မွန်တီကာလိုမြို့ ၁၈၅၆ ခုနှစ်ခန့်မှစ၍ အပြည်ပြည်မှ လောင်းတမ်းကစားသူတို့ စုဝေးရာ ဒေသအဖြစ် ထင်ရှား လာသည်။ ပြင်သစ်နိုင်ငံတောင်ပိုင်း မြေထဲပင်လယ်ကမ်းခြေရှိ မိုနာကိုနိုင်ငံတွင် တည်ရှိ၍ နီးစမြို့နှင့် ကိုးမိုင်ကွာဝေးသည်။ မိုနာကိုနိုင်ငံသည် ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံတို့ နယ်နိမိတ် ချင်းစပ်ရာ ဒေသအနီးတွင် တည်ရှိ၍ မွန်နာကို နယ်စားမင်းသားက အုပ်ချုပ်သည်။

Thumb
မိုနာကိုနိုင်ငံ မြင်ကွင်း

နှစ်စဉ် နိုင်ငံခြားမှ ဧည့်သည်ပေါင်း မြောက်မြားစွာတို့သည် မိုနာကိုနိုင်ငံသို့ အပန်းဖြေလာရောက် လည်ပတ်လေ့ရှိ၏။ မွန်တီကာလိုမြို့တွင် ကက်စီနိုခေါ် ကစားဝိုင်းများ ပြုလုပ်ရာ အဆောက်အအုံကြီးကို ၁၈၇၈ ခုနှစ်၌ ဆောက်လုပ်ပြီးစီး ခဲ့သည်။ ထိုကစားဝိုင်းများမှ နှစ်စဉ်ဝင်ငွေ အမြေက်အမြား ရရှိသဖြင့် မိုနာကို နိုင်ငံသားတို့သည် အခွန်အကောက် ထမ်းဆောင်ခြင်းမှ လွတ်ငြိမ်းခွင့် ရရှိကြလေသည်။ သို့ရာတွင် နိုင်ငံသူ နိုင်ငံသားများကို ထိုကစားဝိုင်းများ၌ ပါဝင်ကစားခွင့် မပြုချေ။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads