မွန်တီဗစ်ဒီအိုမြို့

From Wikipedia, the free encyclopedia

Remove ads

မွန်တီဗစ်ဒီအိုမြို့

မွန်တီဗစ်ဒီအိုမြို့(သို့) မွန်တီ ဗီဒီယိုမြို့သည် တောင်အမေရိကတိုက်ရှိ ဥရုဂွေးနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ထိုနိုင်ငံတွင် အကြီးဆုံး ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ ပလိတ်မြစ်ဝ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ တောင်အမေရိကတိုက်၌ သင်္ဘောဆိပ်ကောင်းရှိသော မြို့တစ်မြို့ ဖြစ်ပေသည်။

မွန်တီဗစ်ဒီအိုမြို့တွင် စနစ်တကျ ဖောက်လုပ်ထားသော လမ်းမကျယ်များ တစ်လျှောက်၌ သစ်ပင်များကို အစီအရီ စိုက်ပျိုးလျက် ပန်းခြံများ၊ ဥယျာဉ်များကို ကျနစွာ ပြုပြင် ထားသဖြင့် လှပတင့်တယ်သောမြို့ဟူ၍ ထင်ရှားသည်။ မြို့ကွက်တစ်ပိုင်းသည် တောင်စွယ်အငူပေါ်၌လည်းကောင်း၊ ကျန်တစ်ပိုင်းသည် ကမ်းနား တစ်လျှောက်ရှိ တောင်ကုန်း ကလေးများပေါ်၌လည်းကောင်း တည်ရှိသဖြင့် သဘာဝ အလျောက် ရေဆင်းရေကျ ကောင်းသောကြောင့် ကျန်းမာ ရေးနှင့် ညီညွတ်သော မြို့တစ်မြို့လည်း ဖြစ်သည်။ မွန်တီ ဗစ်ဒီအို အမည်မှာ ပေါ်တူဂီဘာသာစကားဖြင့် တောင်ကုန်း မြင်ရပြီဟူ၍ ဖြစ်၏။

ကမ်းနားတစ်လျှောက်ရှိ မြို့ဟောင်းပိုင်းတွင် စီးပွားရေး လုပ်ငန်းဆိုင်ရာ အဆောက်အအုံများရှိသည်။ မြို့သစ်ပိုင်း၌ မူကား ဥရုဂွေးတက္ကသိုလ်၊ အစိုးရရုံး၊ ဇာတ်ပွဲဇာတ်ရုံ၊ အမျိုးသားပြတိုက် စသည့် ထင်ရှားသော အဆောက်အအုံများ ရှိလေသည်။

မွန်တီဗစ်ဒီအိုမြို့တွင် အဓိကလုပ်ငန်းမှာ အသားကို တာရှည်ခံအောင် ပြုလုပ်၍ နိုင်ငံခြားသို့ တင်ပို့သည့် လုပ်ငန်း ဖြစ်သည်။ အခြားထွက်ကုန်များမှာ သိုးမွေး၊ သားရေနှင့် နွားနို့ ထွက်ပစ္စည်းများ ဖြစ်သည်။

၁၇၂၆ ခုနှစ်တွင် စပိန်လူမျိုးတို့က မြို့ကို တည်ခဲ့၍ ဥရုဂွေးနိုင်ငံ လွတ်လပ်ရေးရသည့် ၁၈၂၈ ခုနှစ်၌ မြို့တော် ဖြစ်လာခဲ့လေသည်။ လူဦးရေ ၁၁၇၃၁၁၄ ခန့် ရှိသည်။ []


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads