ယင်းတလဲလူမျိုး

From Wikipedia, the free encyclopedia

ယင်းတလဲလူမျိုး
Remove ads

ယင်းတလဲလူမျိုးတို့သည် ကယားပြည်နယ်၊ ဘောလခဲနယ်၌ နေထိုင်ကြသော တောင်ပေါ်ကရင်လူမျိုးစု ဖြစ်လေသည်။ (ကယားပြည်နယ်အစိုးရ၏ ယူဆချက်အရ ယင်းတလဲလူမျိုး သည် ကယားလူမျိုးအုပ်စုတွင် ပါဝင်သည်။) ဘောလခဲနယ်၏ မြို့တော်၊ ဘောလခဲမြို့တွင် ယင်းတလဲအမျိုးသားတို့ အများဆုံး နေထိုင်ကြလေသည်။ ကယား၊ ယင်းဘော်၊ ပဒေါင်၊ ဗရဲ့၊ မနု မနော အမျိုးသားတို့ကိုလည်း နယ်တွင်း နေရာအနှံ့အပြား၌ တွေ့နိုင်လေသည်။ ရှေးအခါက ကယားပြည်နယ်ကို ကရင်နီ ပြည်နယ်ဟူ၍လည်းကောင်း၊ ပြည်နယ်သားတို့ကို ကရင်နီလူမျိုးဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက်၊ ၁၉၅၁ ခုနှစ်တွင် နိုင်ငံအစိုးရတို့က ကရင်နီဟူသော အမည်အစား ကယားဟူသော အမည်ကို သုံးစွဲရန် ဥပဒေဖြင့် ပြဋ္ဌာန်းခဲ့လေသည်။

Thumb
ယင်းတလဲ တိုင်းရင်းဝတ်စုံ(ဓာတ်ပုံ-ဧရာဝတီ)
Thumb
ယင်းတလဲ အဖိုးအို၊ အဖွားအို(ဓာတ်ပုံ-ဧရာဝတီ)

ယင်းတလဲဟူသောအမည်မှာ ဘောလခဲနယ်ကို ဦးစွာ တည်ထောင်ခဲ့သော ဖဘန့်(ပဗန်း)မင်း၏ သားသမီးများ ဟူ၍ ၎င်း၊ သို့မဟုတ် ရှေးလူဟောင်းများမှ ကျန်ရစ်ခဲ့သော လူများ ဟူ၍လည်းကောင်း အဓိပ္ပာယ်ကောက်ယူ နိုင်သည်ဟု ဆိုလေသည်။

ယင်းတလဲအမျိုးသားတို့သည် ရိုးသား၍ ရဲရင့်တည်ကြည်ကြသည်။ ယင်းတို့၏ စိတ်နေ စိတ်ထားကို ဝတ်စားဆင်ယင်သော အဝတ်အထည်၏ အသွေး အရောင်အားဖြင့် အကဲခတ်နိုင်သည်ဟု ဆိုရပေမည်။ ယင်း တလဲ အမျိုးသားတို့သည် အနားများတွင် အနီစကွပ်ထားသော အင်္ကျီအဖြူနှင့် ဘောင်းဘီရှည်အဖြူကို ဝတ်ဆင်ကြသည်။ အနီရောင် ခေါင်းပေါင်းကို ပေါင်းလေ့ရှိကြသည်။ အမျိုးသမီးတို့သည် အင်္ကျီအဖြူ၊ ထဘီအနီကွက်ကျားနှင့် ခေါင်းပေါင်းအနက်ကို ဝတ်ဆင်လေ့ရှိကြသည်။

အလုပ်အကိုင်မှာ တောင်ယာလုပ်ခြင်း၊ ဝါဂွမ်း၊ နှမ်း၊ ဆန်စပါးစိုက်ပျိုးခြင်း၊ ရှားစေးချက်ခြင်း၊ ချိပ် မွေးမြူထုတ်လုပ်ခြင်း၊ သစ်ခုတ်ခြင်း စသောအလုပ်တို့ ဖြစ်လေသည်။ မြေပြန့်တွင် ဆန်စပါးကို တူးမြောင်းများဖြင့် ရေသွင်းစိုက်ပျိုးသည်။ ယင်းတလဲ အမျိုးသားတို့သည် ရိုးရာဓလေ့ ထုံးစံအရ အက အခုန် အတီး အမှုတ်တို့၌ ဝါသနာထုံကြသည်။ ယောက်ျားနှင့် မိန်းမစုံတွဲအက၊ စုပေါင်းအကတို့ကို တစ်ပျော် တစ်ပါး ကခုန်လေ့ရှိကြသည်။ တူရိယာများမှာ မောင်း၊ အိုး၊ စည်၊ ပြွေ၊ လင်းကွင်းတို့ ဖြစ်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads