ယာဝိုယဲဇာသစ်တော

From Wikipedia, the free encyclopedia

ယာဝိုယဲဇာသစ်တော
Remove ads

ယာဝိုယဲဇာတောအုပ် သည် ကမ္ဘာဦးအစက ဥရောပလွင်ပြင် တစ်လွှား ဖြန့်ကျက်တည်ရှိနေခဲ့သော ထူထပ်သော သစ်တောအုပ်ကြီး၏ နောက်ဆုံးနှင့် အကျယ်ပြန့်ဆုံး ကျန်နေခဲ့သော အစိတ်အပိုင်း ဖြစ်သည်။ ထိုသစ်တောတွင် ဥရောပ၏ အကြီးမားဆုံး ကုန်းနေ သတ္တဝါများဖြစ်သော ဥရောပ ဘိုင်ဆွန်ကျွဲ အကောင် ၈၀၀ ကျော် နေထိုင်ကြသည်။[] ယူနက်စကို၏ လူနှင့် ဇီဝရပ်ဝန်း အစီအစဉ်မှ ပိုလန် ဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေ ယာဝိုယဲဇာအား ၁၉၇၆ တွင် သတ်မှတ်ခဲ့ပြီး[] ဘီလာရုဇ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေ အား ၁၉၉၃ တွင် သတ်မှတ်ခဲ့သည်။ []၂၀၁၅ ခုနှစ်တွင် ဘီလာရုဇ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေသည် ၂၁၆,၂၀၀ ဟက်တာ (၂,၁၆၂ စတုရန်းကီလိုမီတာ၊ ၈၃၉ စတုရန်းမိုင်) မျှ ရှိခဲ့ပြီး ၎င်းတို့အား ဖြတ်သန်းဇုံ၊ ကြားခံဇုံ နှင့် အဓိက ဇုံ ဟူ၍ ပိုင်းခြား ထားခဲ့သည်။ ထိုသစ်တောအား ယူနက်စကိုမှ ကမ္ဘာ့အမွေခံနေရာ အဖြစ် သတ်မှတ်ထားပြီး[] ဥရောပသမဂ္ဂ မှ နေချရာ ၂၀၀၀ အထူးထိန်းသိမ်းရေး ဒေသ အဖြစ် သတ်မှတ်ထားသည်။

အချက်တိုများ ယာဝိုယဲဇာသစ်တော*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads