ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော်

From Wikipedia, the free encyclopedia

ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော်
Remove ads

ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော် (အင်္ဂလိပ်: the House of Commons[မှတ်စု ၂] သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ပါလီမန်၏ အောက်လွှတ်တော်ဖြစ်၍ တကယ်လက်တွေ့ဆောင်ရွက်နေသော လွှတ်တော်ဖြစ်သည်။ တိုက်ရိုက်အနက်မှာ "သာမန်လူများ၏ လွှတ်တော်" ဖြစ်သည်။ အထက်လွှတ်တော် (the House of Lords) ကဲ့သို့ပင် ဝက်စ်မင်စတာ နန်းတော်တွင် တွေ့ဆုံညီလာခံပြုကြသည်။

အချက်တိုများ House of Commons of the United Kingdomof Great Britain and Northern Ireland, အမျိုးအစား ...

ပါလီမန်ကိုယ်စားလှယ်များ အဖြစ်အသိများသော အောက်လွှတ်တော်သည် ရွေးကောက်တင်မြှောက်ထားသော အမတ် (၆၅၀) ဖြင့် ဖွဲ့စည်းထားသည်။ ထိုအမတ်များသည် ယူနိုက်တက်ကင်းဒမ်း၏ မဲဆန္ဒနယ်များကို ကိုယ်စားပြု၍ မဲအများဆုံးရသူ နိုင်သည့်စနစ် (first-past-the-post) ကိုကျင့်သုံးသည်။ ပါလီမန်တွင် အမတ်အဖြစ် ပါလီမန်ကို မဖျက်သိမ်း/မရုပ်သိမ်းခင်အထိ ဆောင်ရွက်နိုင်သည်။

၁၃-၁၄ ရာစုများကစတင်ပြီး အောက်လွှတ်တော် ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံရေးအရ စကော့တလန်နှင့် ၁၇၀၇ တွင် ပေါင်းစည်းပြီးနောက် ဂရိတ်ဗြိတိန် အောက်လွှတ်တော် ဖြစ်လာခဲ့၍ ၁၈၀၀ တွင် နိုင်ငံရေးအရ အိုင်ယာလန်နှင့် ပေါင်းစည်းပြီးနောက် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် အောက်လွှတ်တော် ဖြစ်လာခဲ့သည်။ ၁၈၀၀ မှစ၍ ယူနိုက်တက်ကင်းဒမ်းဆိုသည်မှာ "ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်"ကို ရည်ညွှန်းခဲ့သည်ဖြစ်ပြီး ၁၉၂၂ အိုင်ယာလန်သည် ကိုယ်ပိုင်နိုင်ငံအဖြစ် ရပ်တည်လိုက်သောအခါ "ဂရိတ်ဗြိတိန်နှင့် မြောက်အိုင်ယာလန်"ကို ရည်ညွှန်းခြင်းဖြစ်၏ ။ ထိုအခြေအနေများနှင့်လျော်ညီစွာ အောက်လွှတ်တော်၏ အမည်သည်လည်း ပြောင်းလဲခဲ့၍ လက်ရှိအမည်ဖြင့် ယခုတွင် တည်ရှိနေသည်။

ပါလီမန် အက်ဥပဒေ ၁၉၁၁ နှင့် ၁၉၄၉ အောက်၌ ဗြိတိသျှသူကောင်းမျိုး (Lord) တို့၏ ဥပဒေပြုခြင်းကို ပယ်ဖျက်ခြင်းအာဏာအား နှောင့်နှေး စေခြင်း အာဏာသို့ လျော့ချခဲ့သည်။ အစိုးရသည် အောက်လွှတ်တော်ကိုသာ တာဝန်ခံရ၍ ဝန်ကြီးချုပ်သည် အောက်လွှတ်တော်အမတ်အများစု၏ ထောက်ခံမဲရသမျှကာလပတ်လုံး ရာထူးအာဏာတည်မြဲသည်။

Remove ads

မှတ်စု

  1. Members can be elected as independent MPs or leave the party by which they were elected. MPs suspended from their parliamentary party are also listed as independent (see list).
  2. Formally: 'The Honourable the Commons of the United Kingdom of Great Britain and Northern Ireland in Parliament assembled, sometimes alternatively referred to as "The Right Honourable The Knights, Citizens, and Burgesses of The House of Commons of The United Kingdom of Great Britain and Northern Ireland In Parliament Assembled"'
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads