ယူအေဘီဘဏ်

From Wikipedia, the free encyclopedia

ယူအေဘီဘဏ်
Remove ads

ယူနိုက်တက်အမရဘဏ် (United Amara Bank) သည် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံအစိုးရမှ ခွင့်ပြုပေးခဲ့သော ပုဂ္ဂလိကဘဏ် (၄)ခုထဲမှ တစ်ခုဖြစ်သည်။ နောင်တွင် ယူအေဘီဘဏ်လီမိတက် (uab bank Limited) ဟု ပြန်လည်၍ အမည်ပြောင်းခဲ့သည်။

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...


ဘဏ်ကို အဓိကပိုင်ဆိုင်သူမှာ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်ဖြစ်သည်။ ရုံးချုပ် (ရန်ကုန်ရုံးခွဲ)သည် အမှတ်- ၅၂၀( အေ/၄ )၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ယူအေဘီ တာဝါ၊ တိုင်းမ်စီးတီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ရုံးချုပ် (ရန်ကုန်ရုံးခွဲ) အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။

Remove ads

သမိုင်း

ယူအေဘီ (UAB) ဘဏ်ကို ၂၀၁၀ ပြည့်နှစ်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်အဖြစ် အောင်မြင်စွာတည်ထောင်နိုင်ခဲ့သည်။ ၂၀၁၀ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့တွင် ယူအေဘီ (UAB) ဘဏ်၏ ပထမဆုံးဘဏ်ခွဲအဖြစ် နေပြည်တော်ဘဏ်ခွဲအားစတင် ဖွင့်လှစ်နိုင်ခဲ့ကာ ၂၀၁၇ ခုနှစ် ဩဂုတ်လအထိ ဘဏ်ခွဲအရေအတွက်ပေါင်း ၇၆ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။

မတည်ရင်းနှီးငွေ

ခွင့်ပြုပြီး မတည်ရင်းနှီးငွေမှာ မြန်မာကျပ်ငွေ ၇၅ ဘီလီယံဖြစ်ပြီး ထည့်ဝင်ပြီး ၃၀ ကျပ်ဘီလီယံဖြစ်သည်။ []

ဝန်ဆောင်မှုများ

ယူနိုက်တက်အမရဘဏ်မှ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ငွေစုဘဏ်အပ်ငွေစာရင်း
  • စာရင်းသေအက်ငွေစာရင်း
  • စာရင်းရှင်စာရင်း
  • နိုင်ငံခြားငွေလဲလှယ်ခြင်း ဝန်ဆောင်မှု
  • အငှားဝယ်ယူစနစ် ဝန်ဆောင်မှု
  • အခွန်အခပေးချေခြင်း ဝန်ဆောင်မှု (GIRO Payment)
  • အပြည်ပြည်ဆိုင်ရာငွေလွဲလုပ်ငန်း (Western Union)
  • MPU၊ Visa ၊ MasterCard တို့နှင့်ချိတ်ဆက်ထားသော ATM ကတ် ဝန်ဆောင်မှု

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads