ယူးကတန်ကျွန်းဆွယ်

From Wikipedia, the free encyclopedia

ယူးကတန်ကျွန်းဆွယ်
Remove ads

ယူးကတန်ကျွန်းဆွယ် (စပိန်ဘာသာဖြင့် Península de Yucatán)သည် မက္ကဆီကိုနိုင်ငံ၏အရှေ့တောင်ဖက် မက္ကဆီကို ပင်လယ်ကွေ့နှင့် ကာရစ်ဘီယံပင်လယ်အကြား၌ တည်ရှိသည်။ ကျွန်းဆွယ်၏ အလျားမှာ မိုင် ၄ဝဝ ခန့်ရှည်၍ အနံမိုင် ၂ဝဝ ကျယ်သည်။ ယူးကတန်ကျွန်းဆွယ်တွင် မက္ကဆီကိုနိုင်ငံ၏ ပြည်နယ်များဖြစ်သော ယူးကတန်ပြည်နယ်၊ ကမ်ပီချိပြည်နယ်နှင့် ကင်တားနားရုပြည်နယ်၊ ဘလိဇ်နိုင်ငံ မြောက်ပိုင်းနှင့် ဂွါတီမာလာနိုင်ငံမြောက်ပိုင်း အယ်ပီတန်နယ်မြေတို့ ပါဝင်သည်။ ယူးကတန် ပြည်နယ်သည် ၂၃၉၂၆ စတုရန်းမိုင် ကျယ်ဝန်း၍ လူဦးရေ ၄၁၈၂၁ဝ ယောက်ခန့် ရှိသည်။ ကမ်ပီချိပြည်နယ်၏ အကျယ် အဝန်းမှာ စတုရန်းမိုင် ၁၉၆၇ဝ ဖြစ်၍ လူဦးရေ ၉ဝ၄၆ဝ ယောက် ရှိသည်။

Thumb
ယူးကတန်ကျွန်းဆွယ်
Thumb
ယူးကတန်ကျွန်းဆွယ်ရှိ နုန်းအနည်ကျကျောက်လွှာ

ယူးကတန်ကျွန်းဆွယ်သည် ပူ၍ ခြောက်သွေ့၏။ မိုး အလွန်နည်းသည်။ ကမ်းခြေတစ်လျှောက်တွင် မဟောဂနီနှင့် အခြား အသားမာသစ်တောများ ပေါက်သည်။ မြေဩဇာ ကောင်းသော အရပ်များ၌ ဟင်နီကင်ခေါ် လျှော်ပင်၊ ပြောင်း၊ ဝါ၊ ဆေးပင်၊ ကြံ၊ ကာဖီပင်နှင့် ကာကေးအိုပင်များကို စိုက်ပျိုးသည်။

ယူးကတန်ကျွန်းဆွယ်တွင် တည်ရှိသော ထင်ရှားသောမြို့များမှာ ယူးကတန်ပြည်နယ်၏ မြို့တော် မဲရီဒါမြို့ (လူဦးရေ ၉၈၆၃၆)၊ ကမ်ပီချိမြို့ (လူဦးရေ ၂ဝ၁၂၅)နှင့် ဆိပ်ကမ်းမြို့ဖြစ်သော ပရိုဂရက်ဆိုမြို့ (လူဦးရေ ၁၁၄၈၁)တို့ ဖြစ်ကြလေသည်။

ယူးကတန်ကျွန်းဆွယ်တွင် နေထိုင်သော တိုင်းရင်းသားများသည် မာယာ အင်ဒီးယန်းလူမျိုးတို့၏ အဆက်အနွယ် ဖြစ်ကြသည်။ မာယာတို့သည် ရှေးနှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှစ၍ ယဉ်ကျေးမှု အဆင့်အတန်းမြင့် သော လူမျိုးများဖြစ်ပြီးလျှင် အေဒီ ၃ဝဝ ပြည့်နှစ်သို့ရောက်သောအခါ ကြီးကျယ်ခမ်းနား သော မြို့ကြီးပြကြီးများ တည်၍ နေထိုင်ခဲ့ကြသည်။ မာယာတို့ တည်ခဲ့သော မြို့ကွက်ဟောင်းနေရာပေါင်း တစ်ရာကျော်မျှကို ယူးကတန်ကျွန်းဆွယ် အနှံ့အပြား၌ တွေ့ရှိရသည်။ နေအိမ်များမှာ များသောအားဖြင့် နှစ်ထပ်၊ သုံးထပ်ရှိသော အိမ်များ ဖြစ်၍ အထပ်ငါးထပ်ရှိသော အဆောက်အအုံပျက်များကိုပင် တူးဖော်တွေ့ရှိရလေသည်။ မာယာတို့သည် တိကျသော ပြက္ခဒိန်စနစ်ကိုလည်း တီထွင်ခဲ့ကြသည်။ အနုပညာဘက်၌ လည်း လက်ရာမြောက်၏။ ဟိုင်ယာရိုဂလစ်ဖစ်ခေါ် ရုပ်ပုံ စာရေးနည်း အတတ်ကိုလည်း တတ်ကြ၏။ နက္ခတ်တာရာ တို့ကို လေ့လာ၍ ဂြိုဟ်သွားဂြိုဟ်လာများကိုလည်း တိကျစွာမှတ်သားခဲ့ကြသည်။

မယာတို့၏ ယဉ်ကျေးမှုသည် အေဒီ ၃ဝဝ နှင့် ၆ဝဝ ပြည့် နှစ်များအတွင်း၌ အထွတ်အထိပ်သို့ ရောက်ရှိ ပြီးနောက် ယင်း တို့သည် မြို့ကြီးများကို ရုတ်တရက် စွန့်ပစ်ခဲ့ကြလေသည်။ မည်သည့်အတွက်ကြောင့် မြို့များကို ထိုကဲ့သို့ စွန့်ခွာသွားကြ ကြောင်းကိုမူ အတိအကျ မသိရချေ။ ထိုသို့အားဖြင့် မာယာ တို့၏ မြို့ကြီးများသည် နှစ်ပေါင်းများစွာ သစ်ပင်ချုံနွယ်များ အောက်တွင် ဖုံးအုပ် တိမ်မြှုပ်လျက်ရှိနေခဲ့သည်။

၁၅၂၅ ခုနှစ်တွင် စပိန်လူမျိုး ဟာနန်ဒို ကောတတ်ဆိုသူ သည် ယူးကတန်ကျွန်းဆွယ်ကို ဖြတ်ကျော်ခဲ့သည်။ ထိုနောက် ၁၅၄၂ ခုနှစ်တွင် ဖရန်စစ္စကို ဒီမွန်တီဂျိုသည် မာယာတို့ကို တိုက်ခိုက်၍ ကျွန်းဆွယ်ကို စပိန်အစိုးရလက်အောက်သို့ သိမ်း သွင်းခဲ့လေသည်။ ၁၈ ရာစုနှင့် ၁၉ ရာစုနှစ်များအတွင်းက မာယာတို့သည် မက္ကဆီကို အစိုးရကို အကြိမ်ကြိမ် တော်လှန်ခဲ့ ကြ၏။ သို့ရာတွင် ၁၉၁၁ ခုနှစ်မှစ၍ မက္ကဆီကို အစိုးရသည် ယူးကတန်တွင် အုပ်ချုပ်ရေးစနစ်သစ်အရ အုပ်ချုပ်လာခဲ့ရာ၌ မာယာတို့အတွက် စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရေးနည်းသစ်များ တီထွင်ပေးခြင်း အစရှိသော ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့လေသည်။ ယခုအခါ မာယာတို့ကို ယူးကာတီကိုဟု ခေါ်သည်။[]

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads