ယောက်ျား အင်္ဂါတံ
From Wikipedia, the free encyclopedia
Remove ads
ယောက်ျား လိင်တံ သည် ပြင်ပ လိင်အင်္ဂါ တစ်ခုဖြစ်ပြီး ကျောရိုးရှိ သတ္တဝါ ဖြစ်စေ ကျောရိုးမဲ့ သတ္တဝါ ဖြစ်စေ အဖို သက်ရှိရုပ်စု တို့အတွက် တစ်ခုသော ဇီဝကမ္မကို လုပ်ဆောင်သည်။
ယောက်ျား လိင်တံသည် မျိုးပွားရေး အတွက် အင်္ဂါတစ်ခုဖြစ်ပြီး နည်းပညာကျကျပြောရလျှင် အပြင်ထွက် လိင်အင်္ဂါ (Intromittent Organ) ဖြစ်ပြီး အချင်းရှိ နို့တိုက် သတ္တဝါ (Placental Mammal) တို့အတွက် ကျင်ငယ်စွန့်ရန် ပြင်ပအင်္ဂါအဖြစ်လည်း တာဝန် ထမ်းဆောင်သေးသည်။ လိင်တန်ကို နို့တိုက် သတ္တဝါ များနှင့် တွားသွား သတ္တဝါ (Reptile) တို့တွင် အများအားဖြင့် တွေ့နိုင်သည်။


လူ၏ လိင်တံသည် တစ်သျှူး သုံးတန်းဖြင့် တည်ဆောက်ထားပြီး Corpora Cavernosa နှစ်ခုမှာ ကပ်လျက် ထပ်ကာရှိပြီး Corpus Spongiosum တစ်ခုမှာ အလယ်တွင်ရှိသည်။
Corpus Spongiosum အဆုံးတွင် အရွက်ကြီး၍ အသီးလို ဖုထွက်နေသော ကွမ်းသီးခေါင်း (Glans Penis) ရှိပြီး ၎င်းသည် အရွယ်ရောက်သော ယောက်ျားတို့တွင် ငုတ်ရှိုဖော်ပြနိုင်သော ရှေ့အရေပြား (Foreskin) ကိုရွက်ထားသည်။ ရှေ့အရေပြားနှင့် ထိစပ်ရာ လိင်တံ၏ အောက်နေရာကို ထိပ်အုပ်အမြှေးပါး ဟု ခေါ်သည်။

ဆီးလမ်းကြောင်း (Urinary Tract) ၏ နောက်ဆုံးပိုင်းဖြစ်သော ဆီးတံ (Urethra) သည် Corpus Spongiosum တလျှောက်ရှိပြီး ကွမ်းသီးခေါင်း ထိပ်တွင် ပွင့်သွားသည်။ လိင်တံသည် ဆီး အတွက် လမ်းကြောင်း ဖြစ်သလို သုက်ရည် ၏ သုတ်ပန်း (ejaculation) ရာ လမ်းကြောင်းလည်း ဖြစ်သည်။ သုက်ကောင်များကို ဝှေးစေ့မှ ထုတ်ပြီး ချိတ်ဆက်ထားသော် Epididymis တွင် သိုလှောင်ထားသည်။ သုက်ပန်းစဉ်တွင် သုတ်ကောင်များသည် ဆီးအိမ် နောက်ရှိ ပြွန်နှစ်ချောင်းကိုဖြတ်ကာ သုက်လမ်းကြောင်း တစ်လျှောက် ယက်ကန်၍ တက်လာသည်။ Seminal Vesicle များက အရည်ထပ်ထဲ့ပြီး သုက်လမ်းကြောင်းက ဆီးတံနှင့် တဖန် ပေါင်းပြန်သည်။ ပရိုစတိတ် နှင့် ကွမ်းသီးခေါင်း ဂလင်း (Bulbourethral Gland) တို့သည်လည်း အရည်များ ထပ်ထည့်ကြပြီး လိင်တံမှ သုတ်ရည်များ ပန်းထွက်စေသည်။
လူ၏လိင်တံ သည် အခြားနို့တိုက်သတ္တဝါများကဲ့သို့ လိင်တံရိုး (Erectile Bone) မပါဘဲ သွေး သက်သက်ဖြင့်သာ တောင်မတ်စေသည်။ လူ၏ လိင်တံသည် အခြား သတ္တဝါများဖြင့် နှိုင်းယှဉ်လျှင် ကြီးသော်လည်း သိုလှောင်နိုင်ခြင်းကား မရှိချေ။
Remove ads
လူပျိုဖော်ဝင်ခြင်း
လူပျို ဖော်စဝင် သောအခါ ဝှေးစေ့များသည် စတင် ကြီးထွားလာပြီး လိင်တံ လည်းတဖြေးဖြေးကြီးလာသည်။ လိင်တံသည် ၁၀ နှစ်မှ စတင်၍ ကြီးထွားလာပြီး ၁၅ နှစ်ထိ ကြီးသည်။ ကြီးထွားခြင်းသည် ၁၈ - ၂၁ အတွင်း ပြီးဆုံးသည်။ ထိုအချိန်တွင် လိင်တံ တဝိုက်တွင် လိင်အင်္ဂါအမွေး ပေါက်သည်။
လိင်တံတင်းမာခြင်း
လိင်စိတ် နိုးထသောအခါ တင်းမာခြင်း (ခေါ်)တောင်ခြင်းသည် လိင်တံကို တင်း၍ကြွလာစေသည်။ ၎င်းဖြစ်စဉ်၏ အဓီက ဇီဝကမ္မ သဘောတရားမှာ လိင်တံတွင်းရှိ သွေးကြောများ ထဲသို့ သွေးများဖြည့်သွင်းခြင်းကြောင့် တစ်ရှူးအိတ်များတွင် သွေးပြည့်ကာ အလိုလိုကြီးထွားလာခြင်းပင် ဖြစ်သည်။ သွေးမဝင်သော တစ်ရှူးများက သွေးများကို ပြန်ထွက်မသွားအောင် ထိမ်းပေးသည်။ သွေးများ မျှခြေရောက်သည်အထိ ပိုမိုဝင်လာပြီး အသွားအပြန် သွေးပမာဏ တူသောအခါ တည်ငြိမ်သော လိင်တံ အရွယ် ကိုရသည်။
တင်းမာခြင်းသည် အခြား လိင်ကိစ္စ များအတွက် အရေးမပါသော်လည်း လိင်ဆက်ဆံခြင်း ကို ကူညီသည်။
Remove ads
သုက်ပန်းခြင်း
သုက်ပန်းခြင်းသည် သုက်ရည်များ လိင်တံ မှ ပန်းထွတ်ခြင်း ဖြစ်ပြီး များသောအားဖြင့် လိင်ထွဋ်အထိပ် (orgasm) ရောက်လေ့ရှိသည်။ လိင်ဆက်ဆံစဉ် ကြွက်သားများ ဆက်တိုက် ကျုံ့ကြွခြင်းဖြင့် အဖို ဂမိတ် ပါသော သုက်ရည်ကို လိင်ချောင်းမှ တစ်ဆင့် မိန်းမ အင်္ဂါ အထိ သယ်ဆောင်သည်။ ၎င်းသည် လိင်စိတ်နှိုးဆွခြင်းကြောင့် ဖြစ်ပေါ်သည်။ ရှားပါးသော အဖြစ်မှာ ပရောစတိတ် ရောဂါ ကြောင့်လည်း သုက်ပန်းခြင်း ဖြစ်တတ်သည်။ သုတ်ပန်းခြင်းသည် အိပ်ပျော်စဉ် တွင် အပျော် အိပ်မက်များကြောင့် လည်း ဖြစ်တတ်သည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads