ယောစကား

From Wikipedia, the free encyclopedia

Remove ads

ယောစကားမှာ အများအားဖြင့် မြန်မာစကားနှင့် အတူတူပင်ဖြစ်ပြီး အသံထွက်နှင့် လေယူလေသိမ်း ကွဲပြားခြင်း ဖြစ်သည်။

လေ့လာလိုပါက ယောဒေသရှိ ယောစကားပြောသူများ၏ အသံထွက်နှင့် လေယူလေသိမ်းကို နားထောင်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ အောက်ပါ ကွဲပြားချက်, ထူးခြားချက်များကို သိရှိထားပါက သင်ယူမှုအတွက် ပိုမို အထောက်အကူ ပြုနိုင်ပေလိမ့်မည်။

သိသာထင်ရှား၍ သတ်မှတ်ချက်ရှိသော အသံထွက်မှာ --က်၊--င်၊ --င်း၊ ဖြစ်သည်။

--က် အသံထွက်ကို ထွက်ဆိုရာ၌ mark ၌ ပါသော အသံထွက်မျိုး ထွက်ဆိုပါ။

ဥပမာ ကြက်သား ကို ကျာ့(က်) သား၊ ဝက်သား ကို ဝါ့(က်) သား၊ ငှက် ကို ငှါ့(က်) စသဖြင့် --က် ဖြင့် စာလုံးပေါင်းတော အသံထွက်တိုင်းကို ပြောင်းလဲ၍ ပြောဆိုကြသည်။

သမင် ကို ပြောဆိုရာ၌ မင် အသံကို ပြင်းပြင်းရွတ်ဆိုရပြီး among ၌ mong အသံထွက်နှင့် ဆင်တူအောင်ထွက်ရသည်။

အနီးစပ်ဆုံးရေးပြရသော် သမင်ကို သမာ(င်) ။ ဆင် ကို ဆာ(င်)။ ခြင် ကို ခြာ(င်) စသည်ဖြင့် --င် ဖြင့်ဆုံးသော စကားလုံးတိုင်းကို ပုံစံတူ ထွက်ကြောင်းသိထားရမည်။

ထမင်း ကိုပြောဆိုရာ၌လည်း နည်းတူပင် ထမား(င်း)၊ ဟင်း ကို ဟား(င်း)၊ ခြင်းတောင်း ကို ခြား(င်း)တောင်း, စသည်ဖြင့် တူညီမှုကို သိထားပါ။


--ွန်း အသံထွက်ကိုမူ အခြားသော ရိုးရိုး အန်း ကာရံ အတိုင်းပင်ထွက်ဆိုသည်။

ဥပမာ ဇွန်း၊ ဝန်း၊ စသည်ကို အခြားသော ကန်း၊ မန်း၊ စသည့် ကာရံအတိုင်း မပြောင်းလဲပဲ ထွက်ဆိုသည်။

ထူးခြားသော အခေါ်အဝေါ် အချို့လည်း ရှိသေးသည်။

ဥပမာ ကိုယ်တုံးလုံး ကို တောက်စလင်း၊ အတိုင်းထက် အလွန်ကို ကစောက်ကစက်၊ အရမ်းတော်တယ် စသည်ကို နင်းကန် တော်တယ်၊ နင်းတော်တယ်၊ ပိတ်တော်တယ်၊ ကစောက်ကစက်တော်တယ် စသည် ပြောင်းလဲ သုံးစွဲ၍ ရသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads