ရခိုင်ပြည်ကွန်မြူနစ်ပါတီ

From Wikipedia, the free encyclopedia

Remove ads

ရခိုင်ပြည်ကွန်မြူနစ်ပါတီ ( CPA ) သည် ရခိုင်ပြည်နယ်တွင် လှုပ်ရှားခဲ့သော ကွန်မြူနစ်ပါတီနှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည်။ အလံနီကွန်မြူနစ်ပါတီ (RFCP) မှ ခွဲထွက်ပြီးနောက် ရခိုင် နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဦးကျော်ဇံရွှီနှင့် ဗိုလ်မောင်ဟန်တို့ ဦးဆောင်မှုကာ ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

အချက်တိုများ ရခိုင်ပြည်ကွန်မြူနစ်ပါတီCommunist Party of Arakan, တည်ထောင်သူ ...
Remove ads

သမိုင်း

၁၉၆၂ ခုနှစ်တွင် ရခိုင်ပြည်နယ် အလံနီကွန်မြူနစ်ပါတီမှ ဒေသဆိုင်ရာ ခေါင်းဆောင်များသည် ဗဟိုကော်မတီ၏ ဦးဆောင်မှုကို မကျေနပ်သဖြင့် ပါတီမှ ခွဲထွက်ရန် ဆုံးဖြတ်ခဲ့သည်။ ဦးကျော်ဇံရွှီနှင့် ဗိုလ်မောင်ဟန်တို့၏ ဦးဆောင်မှုအောက်တွင် ရခိုင်ပြည်ကွန်မြူနစ်ပါတီ (CPA) ကို ထူထောင်ကာ လွတ်လပ်သော မာ့က်စ်ဝါဒီ-လီနင်ဝါဒီ ကို ဆုပ်ကိုင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် RFCP တို့အပါအဝင် အခြားသော ကွန်မြူနစ်ပါတီများအား ရန်ကုန်မြို့ ၌ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ကြားခဲ့သည်။ ဆိုရှယ်လစ်အစိုးရသစ်၏ လိုက်လျောမှုပေးရန် တွန့်ဆုတ်မှုကြောင့် နောက်ဆုံးတွင် စေ့စပ်ညှိနှိုင်းမှုများ မအောင်မြင်ခဲ့ဘဲ၊ ၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် CPA သည် စစ်တပ်ကို တော်လှန်သော လှုပ်ရှားမှုများ ပြန်လည်စတင်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် CPA သည် မင်းပြားမြို့တွင် ဒေသခံရဲ များနှင့် ပြင်းထန်စွာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး မြို့လယ်ခေါင်ကို ခေတ္တသိမ်းပိုက်ကာ လက်နက်များ နှင့် ငွေသား နှစ်သိန်း ခန့်ကို သိမ်းဆည်းရမိခဲ့သည်။ မင်းပြားမြို့ တိုက်ပွဲကို တုံ့ပြန်သည့်အနေဖြင့် တပ်မတော်က ထိုးစစ်ဆင်ခဲ့ရာ CPA ၏ တိုက်ခိုက်ရေးသမား အများအပြား သေဆုံးခြင်း သလို ဖမ်းဆီးခြင်းခံခဲ့ရသည်။ CPA အဖွဲ့ဝင်များ၏ ဆွေမျိုးများနှင့် ထိုဒေသရှိ ကွန်မြူနစ်စာနာသူဟု သံသယရှိသူများကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးအချို့ကို အာဏာပိုင်များက မုဒိမ်းကျင့်ခဲ့သည်ဟု ဆိုသည်။

CPA ၏ အဖွဲ့ခွဲတစ်ခုသည် ၁၉၉၄ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး အခြားသော တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့နှင့် ပေါင်းစည်းကာ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (National United Party of Arakan; NUPA) ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် CPA မှ ကျန်ရစ်သူအချို့သည် CPA ကို ဖျက်သိမ်းကာ NUPA နှင့်ပေါင်းစည်းခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads