ရခိုင်ပြည်နယ်၏ အလံတော်
ပြည်နယ်အလံ From Wikipedia, the free encyclopedia
Remove ads
ရခိုင်ပြည်နယ်အလံ သည် ရခိုင်ပြည်နယ်၊ ရခိုင်တိုင်းရင်းသားတို့၏ အထိမ်းအမှတ်အလံဖြစ်ပြီး ရှေးခေတ်ကပင် အသုံးပြုခဲ့သော အောင်လံ၏ အခြေခံအမှတ်အသားကို မူတည်ခဲ့ကြသည်၊၊ အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့သော အောင်လံ၊ ကောင်းရှည်ရေအတွက်နှင့် အခုခေတ်ကိုက်ညီအောင် အသုံးပြုနိုင်ရန် မူလအတိုင်းအတာကိုမှီပြီး အချိုးအစားအလိုက် ပြုပြင်ခဲ့ကြသည်။ မူလအတိုင်းအတာ အချိုးအစားမှာ အလျား ကိုးတောင် အနံ ခြောက်တောင် ဖြစ်သည်။
အောင်လံ၏ အရောင်အဆင်းကို မူလရောင်စုံအတိုင်း အတည်ပြုခဲ့ကြသည်။ မူလရောင်စဉ် အဆင်းမှာ ဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်သည်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်သည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်ရေးစိတ်ဓာတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်ရေး စိတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်ရေး ကိုယ်ကျင့်တရားရှိခြင်းများ ဖြစ်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်ရေး သတ္တိနှင့် ခိုင်ခံ့တည်ကြည်ရေး ဇာတိသွေး၊ ဇာတိမာန် ရှိခြင်းများကို ဖော်ဆောင်ပါသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads