ရတနာပုံမိဖုရား (ပုဂံ)
From Wikipedia, the free encyclopedia
Remove ads
ရတနာပုံမိဖုရားသည် ပုဂံခေတ် အလောင်းစည်သူမင်းကြီး၏ ပထမဆုံး မိဖုရားခေါင်တစ်ပါးဖြစ်ပြီး မင်းရှင်စော ၏ မယ်တော်ဖြစ်သည်။ သားတော် မင်းရှင်စောအား ထောင်သွင်းအကျဉ်းချထားမှုအား ပြည်နှင်ဒဏ်ပြောင်းလဲပေးရန် အလောင်းစည်သူမင်းကြီးအား နားချခဲ့စဉ်ကာလ[၁] ၁၁၅၁/၅၂ ခုနှစ် (မြန်မာသက္ကရာဇ် ၅၁၃) အချိန်ထိ သက်ရှိထင်ရှား ရှိနေဆဲဖြစ်သည်။[၂] ရာဇဝင်ကျမ်းများအရ အလောင်းစည်သူမင်းထက် သက်တမ်းကြာရှည်ခဲ့ဟန် မပေါ်ပေ။ သူမပြီးနောက် ဆက်ခံသော မိဖုရားခေါင်မှာ တိလောက စန္ဒာဒေဝီဖြစ်သည်။[၃]
Remove ads
ကိုးကား
ကျမ်းပြုစာရင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads