ရတနာလာဘမုနိ ဆုတောင်းပြည့် ပလိပ်မြွေဘုရား
From Wikipedia, the free encyclopedia
Remove ads
ရတနာလာဘမုနိ ဆုတောင်းပြည့် ပုလိပ်မြွေဘုရားသည် မန္တလေးမြို့ တောင်ဘက် ၁၃-မိုင်ခန့် အကွာတွင် တည်ရှိသော ပလိပ်မြို့၌ ကိန်းဝပ်တော်မူလျက်ရှိသည်။ အလောင်းစည်သူမင်းကြီးက သက္ကရာဇ် ၄၇၄ တွင် တည်ထားကိုးကွယ်ခဲ့သည်။ မြို့မှာပုဂံ ရွာမှာပုလိပ် ဟူသော စကားအဆိုနှင့် အညီ ပုလိပ်မြို့တွင် ပေါများလှသည့် ဘုရားပုထိုးများအနက် ရတနာလာဘမုနိ ဆုတောင်းပြည့် ပုလိပ်မြွေဘုရားသည် တစ်ဆူ အပါအဝင်ဖြစ်သည်။ အထူးထင်ရှားတော်မူသည်။ ဆုတောင်းပြည့်ဝခြင်း၊ ၁၃၃၈-ခုနှစ်မှ စတင်၍ သာသနာပြုမြွေကြီးများ ရောက်ရှိလာခြင်းတို့ကြောင့် ရတနာလာဘမုနိ မြွေရှင်တော်ဘုရားဟု ထင်ရှား ကျော်ကြားလျက် ရှိသည်။


မြွေကြီးများနှင့် ဖူးမြှော် လာရောက်ကြသူများ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads