ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ
From Wikipedia, the free encyclopedia
Remove ads
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း
စစ်ပြီးခေတ်မှာ ၁၉၄၆ မှာ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ (ရကသ) (Rangoon Student's Union) ကို ဥက္ကဋ္ဌအဖြစ်ကိုသန်းကြွယ်(နောင် - မြို့မ-ဦးသန်းကြွယ် ( ‘ဗကသ’ ဒုတိယ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ )၊ ကိုသန်းထွန်း (နောင် - ဒေါက်တာသန်းထွန်း ) နဲ့ ကိုညီညီ (နောင်-စာရေးဆရာ လင်းယုန်နီ) တို့ ဦးဆောင်ပြီး ပြန်လည် ဖွဲ့စည်းလှုပ်ရှား ခဲ့ပါတယ်။
Remove ads
လုပ်ငန်းစဉ်
၁၉၄၆ ဇွန်လမှာ ရကသ ဥက္ကဋ္ဌ ကိုသန်းထွန်းက အယ်ဒီတာ အဖြစ် ဆောင်ရွက်ပြီး၊ ကိုညီညီ က တာဝန်ခံ ထုတ်ဝေဖြန့်ချိတဲ့ ‘ကျောင်းသားဟစ်တိုင်’ သတင်းစာ ထွက်ပေါ် လာခဲ့ ပါတယ်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် မှာ မြို့မ-ဦးသန်းကြွယ် က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်(အိုင်စီအက်စ်)၊ သခင်ဝတင်နဲ့ အခြားတိုင်းရင်းသား ခေါင်းဆောင် တို့နှင့် အတူ ပင်လုံညီလာခံ မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂရဲ့ခေါင်းဆောင်( ကိုယ်စားလှယ်) အဖြစ် ပါဝင် ဦးဆောင် ခဲ့တယ်။ ၁၉၄၇ မှာ ကိုသန်းထွန်း ‘ဗကသ’ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးတဲ့နောက် ရကသ ဥက္ကဋ္ဌ အဖြစ် ကိုညီညီ က ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ၁၉၄၇-၄၈ ပညာသင်နှစ်မှာ ရကသ ကနေ ‘ဆိုရှယ်လစ်ဝါဒ’ ဆိုတာ ဘာလဲဆိုတာကို ဟောပြောပေးဖို့ ဗမာပြည် ကွန်မြူနစ်ပါတီ ကိုရော ဆိုရှယ်လစ်ပါတီ ကိုပါ ဖိတ်ကြားပြီး ဟောပြောစေခဲ့ပါတယ်။ ဗကပ က လက်ခံပြီး သခင်သန်းမြိုင်၊ သခင်တင်ထွန်း နဲ့ ရဲဘော်အောင်ကြီး တို့ တက်ရောက် ဟောပြော ပေးခဲ့ကြပေမဲ့ ဆိုရှယ်လစ်ပါတီ ကတော့ ငြင်းပယ်ခဲ့ပါတယ်။ ၁၉၄၈-၄၉ ရဲ့ ရကသ ဥက္ကဋ္ဌ ကိုညီညီ က ဦးစီးပြီး ကုန်ဈေးနန်းကျဆင်းရေး အတွက် ရွှေတိဂုံ ဘုရား စနေထောင့် တန်ဆောင်း မှာ ရကသ က ဦးဆောင်တဲ့ ဆန္ဒပြ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။
Remove ads
ဖွဲ့စည်းပုံ
၁၉၄၉ နှစ်ဦးပိုင်း မှာ ဖြစ်ပွားခဲ့တဲ့ အင်းစိန်တိုက်ပွဲ များကြောင့် ပိတ်ထားရတဲ့ တက္ကသိုလ် နဲ့ အထက်တန်း ကျောင်းများ ပြန်ဖွင့်ချိန်မှာ (တချို့သော ဗကသ၊ တကသ၊ ရကသ ခေါင်းဆောင်များ အဖမ်းခံရသူရှိ တောထဲ ရောက်သွားသူရှိ ဖြစ်နေရရာမှာ)
စည်းရုံးရေးကော်မတီ
၁၉၄၉ ထဲမှာပဲ ‘ရကသ စည်းရုံးရေး ကော်မတီ’ ကို
- ကိုစိုးသိန်း၊
- ကိုတင်ထွတ်၊
- ကိုစိုးနိုင်၊
- ကိုခင်မောင်ညွန့်၊
- ကိုဉာဏ်ထွန်း၊
- ကိုအုံးမောင်၊
- ကိုတင်မောင်၊
- မသန်းသန်းမြ၊
- မမေမေရီ
တို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။
တရားဝင်
တကသ အဆောက်အဦး မှာ ကျောင်းသားသမဂ္ဂများ ကို ဖိတ်ကြားပြီး ‘ရကသ’ကို တရားဝင် ပြန်လည် ဖွဲ့စည်း တဲ့ အခါမှာ တော့
- ကိုစိုးသိန်း - ဥက္ကဋ္ဌ
- ကိုတင်ထွတ် - အတွင်းရေးမှူး (နောင်-မော်ကွန်းထိန်း-ဆေး ၁)
- ကိုအုံးမောင် - စည်းရုံးရေးမှူး
- ကိုထွန်းကြွယ် - ပြန်ကြားရေးမှူး
- ကိုမြင့်သိန်း
- မသန်းသန်း၊
- မမေမေရီ
တို့နဲ့ တရားဝင် ‘ရကသ’ ပြန်လည်ဖွဲ့စည်း ပေါ်ပေါက်လာခဲ့ ပါတော့တယ်။
ရကသ ဟာ ပေါ်ပေါက်လာချိန်ကစပြီး ဗကသ၊ တကသ နဲ့အတူ ကျောင်းသားလှုပ်ရှားမှုများနဲ့ နိုင်ငံအရေး လှုပ်ရှားမှု ကြီးငယ် အထွေထွေ ကြားထဲမှာ အချိန်နဲ့တပြေးညီ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား ရပ်တည်ခဲ့ပါတယ်။
ရကသ နှင့် စစ်အစိုးရ
၁၉၆၂ ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့ စစ်အစိုးရတက်လာချိန်မှာလည်း စစ်အစိုးရဲ့ အာဏာသိမ်းမှုကို ‘ရကသ’ က ကန့်ကွက်ရှုတ်ချခဲ့ပြီး ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံကြီး ဖြစ်ခါနီး ဇူလိုင် (၃) ရက်နေ့မှာလည်း ရန်ကုန်ခရိုင် တန်းမြင့် ကျောင်းထွက် စာမေးပွဲဖျက်သိမ်းမှု ကို ကန့်ကွက်တဲ့ဆန္ဒပြပွဲ တရပ်ကို ‘ရကသ’ က ကြီးမှူး ကာ တကသ အဆောက်အဦကြီး အတွင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရကသ ဥက္ကဋ္ဌ ကိုဖိုးထင် က သဘာပတိ ပြုလုပ်ပြီး ဗကသ ဥက္ကဋ္ဌ ကိုသက်၊ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး တို့ စကား ပြောခဲ့ကြပါတယ်။
(၇) ရက်ဇူလိုင်နေ့မှာလည်း အာဏာပိုင်များဖက်ကနေ တက္ကသိုလ် နယ်မြေထဲအထိဝင်ပြီး ကျောင်းသား ခေါင်းဆောင်တွေ ကို အတင်းပတင်းလိုက်လံဖမ်းဆီးရာမှာ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း အဖမ်းခံခဲ့ရပါတယ်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ထွန်းလာတဲ့အချိန်မှာလည်း ‘ရကသ’ ဆိုတဲ့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂရဲ့ အသံ တကျော့ပြန် ထွက်ပေါ်ဖွဲ့စည်းပေါ်ပေါက်တာကြားရပါတယ်။
Remove ads
အခြားကြည့်ရန်
ကိုးကား
- ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads