ရန်ကုန်တက္ကသိုလ်

ရန်ကုန်မြို့ရှိ အများပြည်သူတက္ကသိုလ် From Wikipedia, the free encyclopedia

ရန်ကုန်တက္ကသိုလ်
Remove ads

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့ကမာရွတ်မြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ် ဖြစ်သည်။ အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ်များတွင်လည်း ပါဝင်သည်။

အချက်တိုများ ယခင်အမည်များ, ဆောင်ပုဒ် ...
Remove ads

တည်နေရာ

Thumb
ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ် တံဆိပ်ခေါင်း

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းလျားကန် ၏ အနောက်တောင်ဘက်၊ ပြည်လမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်းတို့ ဆုံရာတွင် တည်ရှိသည်။ ပင်မတက္ကသိုလ်ကျောင်းဝင်း နှင့် လှိုင်ကျောင်းဟူ၍ နှစ်မျိုးရှိပြီး၊ ဂျပ်ဆင်ဘုရားကျောင်းမှာ ပင်မကျောင်းဝင်းအတွင်းရှိသည်။ ဘွဲ့နှင်းသဘင်အနီးရှိ အထင်ကရသစ်ပုတ်ပင်ကြီးသည် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်သွားသော နာဂစ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး မားမားမတ်မတ် ဆက်လက်ရပ်တည်လျက်ရှိသည်။

Remove ads

သမိုင်း

ရန်ကုန် တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန် ကောလိပ် အဖြစ် စတင် တည်ထောင် ခဲ့သည်။ ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်းထားခဲ့သော ပညာရေးဌာနမှ တိုက်ရိုက် ကိုင်တွယ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အစိုးရကောလိပ် ဟု အမည်ပြောင်း ခဲ့ပြီး၊ ၁၉၂၀ တွင် ယူနီဗာစီတီ ကောလိပ် နှင့် ဂျပ်ဆင်(ယုဒသန်)ကောလိပ် ဟူ၍ ပေါ်ထွက်လာခဲ့သည်။ ယူနီဗာစီတီ ကောလိပ်မှာ ဘာသာရေး နှင့် မသက်ဆိုင်သော ကျောင်းဖြစ်ပြီး၊ ဂျပ်ဆင်ကောလိပ်မှာ နှစ်ခြင်းခရစ်ယာန် သာသနာ အခြေပြု ကျောင်းဖြစ်သည်။ အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုအဖွဲ့မှ ဂျပ်ဆင်ကောလိပ် အား ရန်ကုန် တက္ကသိုလ် လက်အောက်ခံ သီးခြားလွတ်လပ်သည့်ကျောင်း အဖြစ် အသိအမှတ် ပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန် နိုင်ငံရှိ အောက်စဖို့ နှင့် ကိန်းဘရစ်ချ် တက္ကသိုလ်တို့၏ စနစ်အတိုင်း ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၀ နှင့် ၅၀ ခုနှစ်များ အတွင်းတွင် အရှေ့တောင် အာရှ၏ အကောင်းဆုံး တက္ကသိုလ် ဖြစ်ခဲ့ပြီး အာရှဆင့်တွင်လည်း ထိပ်တန်း ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြား အာရှနိုင်ငံ များမှ ကျောင်းသားများ လာရောက် ပညာဆည်းပူးရာ တက္ကသိုလ် ဖြစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကို ပါမောက္ခများ ကောင်စီ၊ ပညာရှင်များနှင့် အစိုးရအရာရှိများ ပူးပေါင်းအုပ်ချုပ်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်တွင် အဆင့်မြင့် ပညာရေး ဦးစီးဌာနမှ တိုက်ရိုက်ချုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကျောင်းတွင်း သင်ကြားရေး ဘာသာစကားအားလည်း အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်းလဲခဲ့ပြန်သည်။ မကြာမီ ပညာရေး အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုခြင်းများ ရပ်တန့် သွားခဲ့ရသည်။ ဆေးပညာ၊ ဘောဂဗေဒ နှင့် ပညာရေးဌာနများအား သီးခြားကျောင်းများ အဖြစ် ခွဲထုတ်ပြီးချိန်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ဟုအမည် ပြောင်းလဲခဲ့သည်။ ၈၈၈၈ လူထု အုံကြွမှု ကာလအပြီးမှ စ၍ ရန်ကုန် တက္ကသိုလ်သည် အချိန် အကန့်အသတ် မရှိ ပိတ်ထားခြင်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ COE ဟူပြီး ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။ (၂၀၂၀)ခုနှစ် မတ်လတွင် COVID-19 ကပ်ရောဂါ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိသဖြင့် ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်များအားလုံး အချိန်အကန့်အသစ်မရှိ ပိတ်ခဲ့ရသည်။[]

၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ ၇၅ နှစ်ပြည့် စိန်ရတုသဘင်အား တစ်ပတ်ကြာ ကျင်းပခဲ့ပြီး န.ဝ.တ အစိုးရမှ ကျပ်သိန်း ၆၃၀ တန် စိန်ရတုခန်းမကို ဆောက်လုပ်ခဲ့သည့်အပြင် အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုးလည်း ထုတ်ဝေခဲ့သည်။[]

Remove ads

အထင်ကရ ဖြစ်ရပ်များ

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် တရားမျှတမှုမရှိသော တက္ကသိုလ် စည်းမျဉ်းများအတွက် ကျောင်းသားများ ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ဦးနေဝင်း၏ တပ်များ ပစ်ခတ်မှုကြောင့် တစ်ရာကျော်ခန့် သေဆုံးခဲ့ရသည့်အပြင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ (တ.က.သ အဆောက်အဦ) ပါ ဒိုင်းနမိုက်နှင့် ဖေါက်ခွဲ ဖျက်စီးခံခဲ့ရသည်။ ၁၉၇၄ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျိုက်က္ကဆံကွင်းအတွင်း ပြသထားသော ဦးသန့်၏ ရုပ်အလောင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများမှ ခိုးယူပြီး နိုင်ငံတော်ဈာပနဖြင့် သင်္ဂြိုဟ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စစ်တပ်မှ ကျောင်းဝင်းအတွင်း ဝင်ရောက် စီးနင်းပြီး ဦးသန့် အလောင်းကို ပြန်လည် ယူငင်ခဲ့သောကြောင့် ကျောင်းသား အချို့ သေဆုံးခဲ့ရသည်။

(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြသူများတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများလည်း ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြကျောင်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ထိပ်တြိက်တွေ့လုနီးနီးအခြေအနေ ဖြစ်ခဲ့ရသည်။ ထိုနေ့တွင်ပင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ "သမဂ္ဂရင်ပြင်နီ" ကျောက်တိုင်ကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးဆောင်ရှေ့တွင် စိုက်ထူခဲ့သည်။ [] (၂၀၂၁) မတ်လ(၃)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားရာကျော် ဖမ်းဆီးခံရသည်။ []

ဌာနများ

[]

Remove ads

အဆောင်များ

  • အင်းဝဆောင်
  • ပဲခူးဆောင်
  • ဒဂုံဆောင်
  • အင်းလျားဆောင်
  • ပင်းယဆောင်
  • သထုံဆောင်
  • သီရိဆောင်
  • ရတနာဆောင်
  • စစ်ကိုင်းဆောင်
  • ရွှေဘိုဆောင်
  • ရာမညဆောင်
  • ဝေသာလီဆောင်
  • အမရာ‌‌ဆောင်
  • မန္တလေးဆောင်
  • တောင်ငူဆောင်

ထင်ရှားသော ကျောင်းသားဟောင်းများ

ဓာတ်ပုံများ

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads