ရန်ကုန်မြို့တော်ခန်းမ

From Wikipedia, the free encyclopedia

Remove ads

ရန်ကုန်မြို့တော်ခန်းမ သည် ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့တွင် တည်ရှိသည်။ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦးတစ်ခုဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးစိုက်ရာနေရာလည်း ဖြစ်သည်။ ရန်ကုန်မြို့တော်ခန်းမကို မြန်မာဗိသုကာပညာရှင် စည်သူဦးတင်က ပုံစံရေးဆွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၂၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၃၆ ခုနှစ် မေလ[]တွင် ပြီးစီးခဲ့သည်။ ရှေးက ရန်ကုန်မြူနီစီပယ် ကော်ပိုရေးရှင်း အဆောက်အအုံ ဟု ခေါ်ကြပြီး၊ ကော်ပိုရေးရှင်း ဥက္ကဋ္ဌများကို ၁၉၃၄ ခုမှစ၍ မြို့တော်ဝန်ဟု ခေါ်ဆိုသည်။

အချက်တိုများ

မဟာ ဗန္ဓုလပန်းခြံရှေ့ရှိ ရန်ကုန်မြို့တော်ခန်းမ တည်ဆောက်ရေးအတွက် ၉ အောက်တိုတာ ၁၉၂၈ တွင် ရစ်ပွန်ဟော၌ ကျင်းပသည့် မြူနီစီပယ်အစည်းအဝေးက ဆုံးဖြတ်သည်။ ကော်မရှင်နာ မင်းကြီးက အင်ဂျင်နီယာဘရေး၏ ပုံစံကို ပြသရာ မြန်မာမဆန်သဖြင့် ဦးဘဘေက ကန့်ကွက်ခဲ့သည်။ ထို့နောက် ၅ နိုဝင်ဘာ ၁၉၂၉ အစည်းအဝေးတွင် အင်ဂျင်နီယာ စည်သူ ဦးတင် အားပုံစံရေးဆွဲ တွက်ချက် တင်ပြရန် တာဝန် ပေးအပ်သည်။ သဘောတူညီ၍ ၁၉၃၄ ဧပြီတွင် စတင် တည်ဆောက်သည်။[]

Remove ads

ဓာတ်ပုံပြခန်း

Thumb
 
Thumb
မဟာဗန္ဓုလ ပန်းခြံရှေ့မှ တွေ့မြင်ရသော ရန်ကုန်မြို့တော်ခန်းမ
မဟာဗန္ဓုလ ပန်းခြံရှေ့မှ တွေ့မြင်ရသော ရန်ကုန်မြို့တော်ခန်းမ 
Thumb
ရန်ကုန်မြို့တော်ခန်းမ
ရန်ကုန်မြို့တော်ခန်းမ 
Thumb
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်က ရန်ကုန်မြို့တော်ခန်းမ
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်က ရန်ကုန်မြို့တော်ခန်းမ 
Thumb
ရန်ကုန်မြို့တော်ခန်းမ
ရန်ကုန်မြို့တော်ခန်းမ 

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads