ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့
From Wikipedia, the free encyclopedia
Remove ads
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ကို ၂၀၁၂၊ မတ်လ တွင် ဒေါက်တာ သန့်မြင့်ဦး နှင့် အခြားသူများက စတင်ဖွဲ့စည်းခဲ့ကြသည်။
၂၀၁၂ ဇွန်လတွင် ကျင်းပခဲ့သော ၂၁ရာစုအတွင်း ရန်ကုန်မြို့တော်အား ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာ ဆွေးနွေးပွဲကို နိုင်ငံတကာနှင့် ပြည်တွင်းကျွမ်းကျင်သူများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရပ်ဘက် အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြရာမှ အဖွဲ့အစည်း တစ်ခု အဖြစ် စတင်လှုပ်ရှားနိုင်ခဲ့သည်။
နောက်ပိုင်းကာလများ၌ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် ရန်ကုန်မြို့လယ်ရှိ သမိုင်းဝင်အဆောက်အအုံများအား ထိန်းသိမ်းခြင်း သာမက ပိုမိုကျယ်ပြန့်သော မြို့ပြစီမံကိန်းလုပ်ငန်းစဉ်ကိုပါ ဆောင်ရွက်နိုင်ရန် တိုးချဲ့ကြိုးပမ်း လာခဲ့သည်။
ရန်ကုန်မြို့ပြစီမံကိန်းများအား အမွေအနှစ်ထိန်းသိမ်းမှုနှင့် အကောင်းဆုံး ပေါင်းစည်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကာ အာဏာပိုင်အဖွဲ့အစည်းများနှင့် နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။ [၁]
Remove ads
ကိုးကား
ဆက်စပ်ဖတ်ရှုရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads